ရေးသူ – အမည်မသိ
သီချင်းအမျိုးအစား – မယ်ဘွဲ့ပတ်ပျိုးကလေး
ဆိုသူ – ဝင်းဦး
အတီး – စစ်ကိုင်းလှရွှေ (မသေချာ)
သီချင်းအသစ်မတင်ဖြစ်တာ နဲနဲတောင်ကြာသွားပြီ။ မအားမလပ်ဖြစ်နေလို့ပါ။ အတိုးချပြီး နားအရသာခံနိုင်အောင် ပပဝင်းပတ်ပျိုးကိုတင်ပေးလိုက်ပါတယ်။ အဆိုတော်ကြီးဝင်းဦး ဆိုထားတယ်ဆိုကတည်းက ဒီသီချင်းတော့ဖြစ် နားထောင်ကောင်းပြီလို့ မှတ်လို့ရပါပြီ။ စိတ်မပျက်စေရပါဘူး။ စတာနဲ့ကိုကောင်းတာ၊ ဝင်းဦးရဲ့အဆိုဟန်ကိုလဲ သိတယ်မဟုတ်လား။ သူများနဲ့မတူတမူကိုထူးခြားနေတာ။ စန္ဒယားအတီးကတော့ စစ်ကိုင်းလှရွှေဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော်မသေချာ ပါဘူး။ မှားနေတယ်ဆိုရင်လဲပြင်ပေးကြပါ။
ဒီသီချင်းကဘယ်သူစပ် ခဲ့သလဲဆိုတာကတော့ မဟာဂီတစာအုပ်တွေမှာမဖော်ပြထားဘူး။ ဒါပေ မယ့် ထူးထူးခြားခြား မောင်သန်းဆွေ(ထားဝယ်)ရေးတဲ့ မဟာဂီတခြေရာကောက် စာအုပ်ထဲမှာကတော့ တောင်သမန်လယ်စားမောင်ဖေငယ် စပ်ခဲ့ကြောင်း ဆရာကြီးရွှေပြည်ဦးဘတင်ဟောပြောချက်များကို ကိုးကားပြီး ဖော်ပြထားပါတယ်။ဒိုင်းခင်ခင်ရဲ့အလှဘွဲ့လို့လဲပြောထားပါတယ်။ ဒိုင်း ခင်ခင်ဆိုတာကတော့ သီပေါမင်းရဲ့တော်ကောက်ခြင်းခံရပြီး နန်းမတော်စုဘုရားလတ်ရဲ့ အမျက်တော်ရှ သုတ်သင်ရှင်းလင်းခြင်းခံခဲ့ရတဲ့ အမျိုးသမီးကလေးပေါ့။ ဒီအကြောင်းကို အကျယ်တဝင့် သိ ချင်ရင် ဒဂုံခင်ခင်လေးရေးတဲ့ စာဆိုတော် ၀တ္ထုမှာ ရှာဖတ်ပေတော့။ ဒိုင်းခင်ခင်အလှဘွဲ့ဟုတ်ဟုတ်မဟုတ်ဟုတ် ဒီသီချင်း ထဲမှာတော့ အမျိုးသမီးတစ်ဦးရဲ့အလှကိုအလွန်အကျူး ရေးဖွဲ့ထားပါတယ်။ နားဆင်ခံစားကြည့်ပါ။
ပပငယ်လေဝင်းဝင်း၊ မှန်ရဝေဆောင်၊ ကိုယ်ရောင်တိုက်ခန်းလင်း၊ ဟန်တခါပြင်၊ ရွှေစင်ဆယ်တင်း၊ ဆက်သွင်းပုံသေ၊ သိန်းတန်တဲ့မေလေးလေ့၊ တင့်ကျူးငယ်မူယာထွေ၊။ ။ မြင်သူဗျာဝေ၊ ကွယ်ကြေအံ့မဆုံး။ ။ တင်ကာတင်ကာ၊ သွင်မျက်ခုံး၊ ခြယ်မင်ရောင်ပိတုံးငယ်နှင့်၊ သန်းကာမှောင်။ ။ မျက်လုံးတော်ရောင်၊ သောက်ရှူးကြယ်ညီနောင်၊။ မြမျက်တောင်၊ ကော့ကော့ရွှန်း၊ ကေသီမှာဒေဝီကျမ်းစာဝင် မျက်နှာပြင် စံလွတ် ကျွန်း၊ ငွေလဝန်းပေါ်သည့်သွင်လေးတဲ့မှ၊ ခြောက်ပါးငယ် ပြစ်လွတ်စင်။ ။ တနဲလေ၊ တဖုံလေ၊ တနှုန်းလေ၊ တအင်လေ၊ မူရာ မူရာစုံလင်၊ နတ်ပင်လူပင်လား၊ ထင်ယောင်ဝိုးတဝါး၊ မြင်မြင်သူ များပေက၊ အံ့ခြားလေရှာ။ ။ ငုံကွမ်းကြိုင်စွာ၊ သင်းပျံ့မှုန်နံ့သာ၊ ရူပါသာ လှခေါင်ကျူး၊ ခင်မေကို ကြင်ဆွေလွဲဘူးနောင်၊ မြဲခိုင်အောင် ဆောင်စိတ်ကူး၊ မောင်ရွယ်စူး မှန်ပါတယ်လေလေ့၊ ကြော့မှူးရယ် ယုံတော့ကွယ်။ ။ သဲဘဝင်ဝယ်-ကြင်ခင်နှိုင်း ထင်မြင်တိုင်း တင့်လှတယ် အို-မိုးလယ်ဝေယန်ဖျား၊ သူဇာထင်ရိုးမှား။
Download -
ပပဝင်းဝင်း ပတ်ပျိုး (4shared)
ပပဝင်းဝင်း ပတ်ပျိုး(mediafire)

မယ်ဘွဲ့ပတ်ပျိုးကလေး
(ရွှေနန်းသုံးမဟာဂီတမှ)

No comments:
Post a Comment
Note: Only a member of this blog may post a comment.