Saturday, December 22, 2012

ကျေးဇူးတင်လွှာ .....



 
 
မဂ်လာပါရှင် .....
ဒီအခန်းလေးကတော. မြန်မာ.မဟာဂီတ
တွေကို မြတ်မြတ် နိုးနိုး တန်ဘိုးထား စုဆောင်းတတ်တဲ.
Myanmar Classical ရဲ. အခန်းလေးပါ ...။
ပဉ္စသိင်္ခ ရဲ.အခန်းလို. နာမည်ပေးထားပါတယ် ...။
သူ.မှာကိုယ်ပိုင်ဆိုဒ်တွေရှိနေပေမယ်.
အခြေအနေအကြောင်းကြောင်းကြောင်. ပျောက်သွားခဲ.သော် ...
ပြန်ရှာမတွေ.မှာကြောက်တာကတစ်ကြောင်း ...
နောက်တစ်ခုက ကျမခင်မင်ရတဲ. ကျမရဲ.
ဘလော.ကာမောင်နှမ များကိုလဲ ပေးဖတ်ချင်တာက
တစ်ကြောင်းကြောင်. သူ.ရဲ.ပို.စ်လေးတွေကို သူ.လက်ရာ
မပျက် တင်ပေးထားတာပါ...။
ကျမမှာအားလုံးကော်ပီထားပြီး ပြန်တင်ပေးလို.ရတာ
ဖြစ်ပေမယ်. ဒီအကြောင်းအရာတွေအားလုံးက
သူရဲ.ပို.စ်တွေအပြင် သူပိုင်တဲ. သူ နှစ်ရှည် လများ
စာတွေအများကြီးဖတ်ပြီးမှ ရခဲ.တဲ. သူ.ရဲ. တန်ဖိုးမဖြတ်နိုင်တဲ.
ဗဟုသုတတွေ ကိုကျမက တန်ဖိုးထားတာပါ...။
အချိန်ရရင် သူ.ဆိုဒ်လေးတွေကိုသွားလည်ဖို. အကြံပေးပါရစေ ...။

http://myanmarclassical.wordpress.com/

သူ.ဆိုဒ်လင်.တွေပါ...။

မေမသိသေးတဲ. ရခဲတဲ. တန်ဖိုးမဖြတ်နိုင်တဲ.သီချင်းတွေနဲ.
သီချင်းလေးတွေရဲ. ရာဇ၀င်လေးတွေ
ပိုင်ဆိုင်ခွင်.သိခွင်.ရတဲ.တွက် .... ကျေးဇူးပါ ...



 ချမ်းမြေ.ပါစေရှင်
 

 ˜º̶̶ƷʌuτuмиƸ̶º˜˜

 




 

အောင်ဇေယျတု သဗ္ဗမင်္ဂလံ

နှလုံးသွေးပျက်သော တေးတစ်ပုဒ်

နှလုံးသွေးပျက်သော တေးတစ်ပုဒ်


အောင်ဇေယျတု သဗ္ဗမင်္ဂလံ

မင်္ဂလာသြဘာ ကပီ ယိုးဒယား

ရေးသူ ကျိုက်လတ်ဦးပြုံးချို----- တေဘုမ္မာ၊ ဇာတိအာဏာ သီချင်းများနဲ့ နာမည်မသေသော ပညာရှင်ကြီးတစ်ပါးပေါ့။ သူ့ကို နောက်ကွယ်ကနေ လူမသိသူမသိ ပံ့ပိုးပေးတဲ့သူကိုတော့ သိတယ့်သူနည်းပါတယ်။ အဲ့ဒီသူကတော့ စောင်းဆရာဦးတုတ်ပေါ။ တေဘုမ္မာ၊ ဇာတိအာဏာ၊ အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းများ အတွက် သံစဉ်ရှာပေးခဲ့သူ။ ဦးပြုံးချိုက စာသား ဦးတုတ်ပေါက သံစဉ်ပေါ့။ ဦးပြုံးချိုကလဲ သူ့ကို အလွန်လေးစားခဲ့တယ်။ ဦးတုတ်ပေါဟာ ဘဝကံမကောင်းတဲ့အတွက် ငယ်စဉ်ကပင် မျက်စိကွယ်ခဲ့ရတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပဲ ဝါသနာပါရာ ဂီတပညာကို သင်ဖို့အတွက် အိမ်ကနေ တိတ်တဆိတ် ထွက်ခွာပြီး ကျိုက်လတ်မှ မင်းဘူးအထိ အဖော်မပါ တစ်ယောက်တည်းသွားပြီး ဂီတပညာရှင်ကြီးတစ်ဦးစီမှာ စောင်းပညာသွားသင်ခဲ့တယ်။ အဲ့ဒီပညာရှင်ကြီးကတော့ သီပေါမင်းရဲ့ ရှေ့တော်တီး စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးရယ်ပေါ့။ ဆရာကြီးဟာ မျက်မမြင် တပည့်ကို အသနားပိုပြီး စောင်းပညာကို ကိုယ်ဖိရင်ဖိ အသေအချာ သင်ပေးသတဲ့။ ပညာစုံလို့ အိမ်ပြန်ခါနီးမှာ လက်တံထိပ်ညောင်ရွက်မှာ ‘ဒေဝ’၊ ဖင်ပိုင်းဖလား နေရာမှာ ‘ဣန္ဒာ’ လို့ ရွှေသရိုးကိုင် မှန်စီရွှေချ စောင်းတစ်လက် လက်ဖွဲ့လိုက်လေတယ်။

ဦးပြုံးချိုက အဲ့ဒီအချိန်က စာရေးဆရာ၊ ဖျာပုံနယ် တစ်နယ်လုံးမှာတစ်ယောက်တည်း ရှိတဲ့ ဦးတုတ်ပေါဆီမှာ စောင်းပညာသင်ယူတယ်။ ပရိယတ္တိ ပညာကျယ်ဝန်းစွာဖြင့် တေဘုမ္မာသီချင်းကို ဦးတုတ်ပေါနဲ့ အတူ ဓမ္မဂီတအဖြစ် စွမ်းဆောင်ခဲ့တယ်။

ဂီတဝါသနာကြီးလှတဲ့ နယ်ပိုင်ဝန်ထောက် ဦးငွေခိုင်ဟာ ဦးပြုံးချို၊ အဆို ဦးဘာဘူ၊ အတီးဦးတုတ်ပေါတို့တို့ကို စနေနေ့တိုင်း သူ့အိမ်ကို ဖိတ်ပြီး အကျွေးအမွေးနဲ့ ဂီတအဖွဲ့ကလေးလုပ်ကြတယ်။ အဲ့ဒီလိုနဲ့ နယ်ပိုင်ဝန်ထောက်ကြီးရဲ့ သားနဲ့ အရာရှိကြီးတစ်ဦးရဲ့ သမီးနဲ့လက်ထပ်မင်္ဂလာပွဲမှာ မင်္ဂလာ သီချင်းသီဆိုတီးမှုတ်ပေးဖို့ ဖြစ်လာတယ်ပေါ့။ ဦးပြုံးချိုက ယခင် ဆိုနေကြ အတိုင်းမသိ မင်္ဂလာသြဘာက ရိုးလွန်းတယ် မင်္ဂလာသြဘာသံဆန်းတစ်ပုဒ်ကိုရေးစပ်မည် ဆိုပြီး ဦးတုတ်ပေါက တီးကွက်ရှာ၊ ဦးပြုံးချိုက စာသားသွင်း၊ သီချင်းတိုက် နေ့တိုင်းပျော်ပါးနေကြတာပေါ့။

ဦးပြုံးချို ကသူ့အသံနှင့် သူကိုယ်တိုင် ရေးစီသော တေးအမွန်ကို ကျကျနန သီဆိုမယ်၊ ဦးတုတ်ပေါကလဲ စောင်းလက်သံ ဝတိံကကြားအောင် တီးပြလိုက်မယ် အံခဲ ပျော်ရွှင်ကြတဲ့အချိန်မှာ ကံကြမ္မာက ဦးတုတ်ပေါကို ရိုက်နှက်ပစ်လိုက်တယ်။ ထုတိသြဘာ မင်္ဂလာပွဲကြီး၌ အထူးအမြတ်ရေးထားသော သဗ္ဗမင်္ဂလံသီချင်းကို မျက်ကန်းဖြစ်သော ဦးတုတ်ပေါမတီးစေရ ဟု အခါတော်ပေး ပုဏ္ဏားတော်များရဲ့ ကန့်ကွက်ချက်အရ စောင်းတီးခြင်း သည်းခံပါ၊ မင်္ဂလာပွဲနေပွဲထိုင်သို့ကား ကြွတော်မူနိုင်လျင် ကြွပါ ဟူသောသီတင်းစကားဖြစ်သည်။ သီတင်းစကားလာရောက်ပြောကြားသော ဦးပြုံးချိုနှင့် ဦးတုတ်ပေါ အိမ်သူအိမ်သားအားလုံး ခေါင်းချင်းဆိုင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။

နောက်လူကြီးတွေ ဖျောင်းဖျနားချသော်လည်း ဦးတုတ်ပေါမှာ နေ့နေ့ညည စောင်းပိုက်၍သာ ငိုငိုနေရှာပါတော့တယ်။ လက်ထက်မင်္ဂလာပြုသောနေ့ လူတွေအုတ်အုတ်ကျက်ကျက်---ဆိုင်းသံဗုံသံအတိုင်းသား---- ထို့စဉ် ခပ်သဲ့သေ့ဖြစ်သော စောင်းသံနှင့် အောင်ဇေယျတု သဗ္ဗမင်္ဂလံ------- မင်္ဂလာဆောင် မျက်ကန်းမလာရ---- မျက်စိကန်းနေသူမင်္ဂလာမရှိ----အမင်္ဂလာ------- မိမိကိုယ်တိုင် အသက်သွင်းဖန်တီးခဲ့သော သီချင်း---
“ သူ၏ နှလုံးသွေးပျက်သောရောဂါကား သေရှာသည် အထိပင်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စောင်းဆရာကြီးဦးတုတ်ပေါမှာ အခြားသူမဟုတ်။
အားလုံးသိကြတဲ့ နိုင်ငံကျော် စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ အဘိုးလေးတော်သူပင်ဖြစ်သည်။ ဦးသုခသည် အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းနှင့် ဆက်စပ်နေသော ရင်နင့်ဖွယ်ရာကို မြဝတီမဂ္ဂဇင်းမှာ “နှလုံးသွေးပျက်သော တေးတစ်ပုဒ်” အမည်ဖြင့် ဝထ္တုတိုရေးဘူးသည်။ သည်ဝထ္တု ကိုပင် ပြည်ထောင်စုနေ့အခမ်းအနားများတွင် ဇာတ်အဖြင့်ကပြခဲ့ဘူးသည်။ ဘဘဦးသုခက ဦးတုတ်ပေါနေရာ၊ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးက ဦးတုတ်ပေါ၏ နှမ ဒေါ်လုံမလေးနေရာ၊ ဦးချင်းစိန်(ရွှေညာမောင်) ကဦးပြုံးချိုနေရာ၊ အေဝမ်းဦးတင်မောင်က ဝန်ထောက်မင်းနေရာများက သရုပ်ဆောင်ခဲ့ကြသည်။
“ပြောပါဦးလုံမလေးရဲ့”
“ရှင် ကိုကိုလေး”
“မင်္ဂလာရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ၊ ဘုရားဟောတဲ့ မင်္ဂလသုတ်ထဲမှာ အသေဝနာစဗာလာနံ- လူမိုက်တို့နဲ့မပေါင်းခြင်းသည် မင်္ဂလာတဲ့- မျက်စိကန်းနေသူ မပေါင်းရမပါဘူး။ မျက်စိကန်းနေသူ အမင်္ဂလာလို့ သတ်မှတ်လို့ရပါ့မလား လုံမလေးရဲ့”
“မရပါဘူးကိုကိုလေးရယ်။ ဒါပေမယ့်----“
“ဘာဒါပေမယ့်လဲ--- အနုပညာကို ထမင်းစားကောင်းရုံ တီးကြတဲ့လူတွေ၊ အနုပညာကို အပြင်ပန်းအပေါ်ယံ အသုံးတော်ခံဖို့သာ သက်မှတ်ကြတဲ့သူတွေ---ထွီ”
“သတိထားပါ--ကိုကိုလေးရဲ့”
“ဘာသတိထားရမှာလဲ”
“သတိ-------------“


 “----------နောက်ဆုံးတော့ ကျုပ်အဖိုး သည်စိတ်နဲ့ပဲ အသက်ပါသွားရတာပါပဲ--------------------“ ဘဘဦးသုခရဲ့ ရီဝေနေသောမျက်ဝန်းအစုံ၊ တုန်ရီနေသော အသံ။

++++++++++++++++++++++++++++

၁၉၉၅ ခု၊ နိုဝင်ဘာလ ၁၃ရက် ယဉ်ကျေးမှုတက္ကသိုလ်တွင် ဘဘဦးသုခ၏ “ဇေယျတု သဗ္ဗမင်္ဂလံ” ဟောပြောချက်ကို ကိုးကားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ ဟာအလွန်လူသိများတဲ့ မင်္ဂလာတေးတစ်ပုဒ်ပါ။ ဒီမင်္ဂလာသီချင်းနောက်ကွယ်က စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းလေးကိုတော့သိသူ အလွန်နည်းလှပါတယ်။
ကျွန်တော် ဒီဇာတ်လမ်းကိုပြောချင်တာ အဓိကမဟုတ်ပါဘူး။ သီချင်းလေးကို လူတိုင်းနားထောင်စေချင်တာပါ။ မင်္ဂလာသီချင်းကို မင်းမို့ နှလုံးသွေးပျက်တယ်လို့ပြောရက်တယ် လို့အပြစ်မတင်ကြပါနဲ့ဗျာ။ ကျွန်တော်စုဆောင်းထားတဲ့သီချင်းလေးကို အားလုံးကိုမျှဝေပေးချင်တာပါ။ ဒီ အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းကို အဆိုတော်တွေ တော်တော်များများ ဆိုထားဘူးပါတယ်။ အဲ့ဒီထဲကမှ ထူးထူးခြားခြားလေး မျှဝေလိုက်ပါတယ်။ ဘယ်လိုထူးခြားတာလဲ ဆိုတော့ ဝါရင့်သဘာရင့် ဆရာကြီးတွေပဲ ဆိုတီးထားကြလို့ပါ။ အလင်္ကာကျော်စွာ ဆိုင်းဆရာကြီး ဦးဘမောင်က ဆိုင်းနဲ့မတီးပဲ ပတ္တလားနဲ့ တီးထားလို့ပါ။ ဦးဘမောင်ရဲ့ တောက်တောက်ခါးခါး ဆိုင်းလက်သံတွေကို နားဆင်ဘူးကြမှာဖြစ်ပေမယ့် ပတ္တလားလက်သံကိုတော့ နားဆင်ဘူးသူ နည်းပါးပါလိမ့်မည်။ စန္ဒယား စစ်ကိုင်လှရွှေ၊ ဆိုင်းစိန်စတင်း၊ နှဲ ဦးကျော်စိန်၊မကွေးစိန်မြသန်း တို့နဲ့ တွဲဖက်ပြီး နိုင်ငံကျော် အဆိုတော်ကြီးဦးထွန်းရွှေ ကသီဆိုထားတာဖြစ်တဲ့ အတွက် အလိုရှားပါး အဖိုးတန်သီချင်းလေးပါ။ ဝိုင်းဝန်း ထိန်းသိမ်း ပြန့်ပွားအောင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
ဒီသီချင်းနာမည်ကို အချို့စာအုပ်များမှာ အောင်ဇေယျတု သဗ္ဗမင်္ဂလံ၊ အချို့စာအုပ်များမှာတော့ “ဇေယျတု သဗ္ဗမင်္ဂလံ” လို့ တွေ့ရပါတယ်။ ဘဘဦးသုခကိုယ်တိုင် ဟောပြောချက်မှာ “ဇေယျတု သဗ္ဗမင်္ဂလံ” လို့ပဲ ဟောပြောသွားတာပါ။ ကျွန်တော်ကတော့ “အောင်ဇေယျတု သဗ္ဗမင်္ဂလံ”လို့ သုံးထားပါတယ်။ သီချင်းရေးသားခဲ့သူ ကျိုက်လတ်ဆရာကြီး ဦးပြုံးချိုကိုယ်တိုင် စုစည်းထုတ်ဝေခဲ့တဲ့ “မဟာဂီတ ပေါင်းချုပ်ကြီး” စာအုပ်မှာ ဒီသီချင်းနာမည်ကို “အောင်ဇေယျတု သဗ္ဗမင်္ဂလံ” လို့ အညွန်းတက် နာမည်ပေးထားလို့ပါ။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ

မင်္ဂလာသြဘာ ကပီ ယိုးဒယား
တေးရေး - ဦးပြုံးချို + သံစဉ်ရှာ စောင်းဦးတုတ်ပေါ
အဆို - ဦးထွန်းရွှေ
အတီး - ပတ္တလား အလင်္ကာကျော်စွာ ဦးဘမောင်၊ စန္ဒယား စစ်ကိုင်းလှရွှေ၊ ဆိုင်းစိန်စတင်း၊ နှဲ- ဦးကျော်စိန်၊ မကွေးစိန်မြသန်း

http://minus.com/lw1CWBdQz8iGe

နန်းသိမ်းယိုးဒယားအလိုက်မိုဃ်းဘွဲ..မြဆံကေသာ မျှော်ပါယောင်မယ်ဘွဲ့



နန်းသိမ်းယိုးဒယားအလိုက်မိုဃ်းဘွဲ့ ။ (ဝိသောဓနီမူ)

ရေး - နားခံတော် ဦးခြုံ
ဆို - တင်တင်မြ
တီး- ဂီတလုလင်မောင်ကိုကို


လျှပ်ပန်းခွေနွဲ့ ။လေသွဲ့ ယုငင်။မြူမင်ရစ်ဖုန်း။ ထစ်ချုန်းစစ်သူရာ။အိုလေအမျက်ဟောင်းကြောင့် ချက်ကောင်းကိုသာ။ ဘ၀ဂ်ဆောင်းအောင်။ဝက်ခေါင်းတော်ဖြစ်တဲ့ခါ။ ။တက်ဇော၊ လက်ရောပါ ဥာဏ်နှင့်သာ။ယှက်နှော၊သက္ကောလေ မြတ်ရာဇာငယ်လေလေ့။ မေဃိန်ဒေ၀ိန်သခွပ်ဖူးချိန်မို့ ။ ဇွတ်မြူးခါတိုက်တဲ့တိံ။ ။နေလာသိန်နတ်နန်းကြာကြွ။ရွှေအာလိန်တပ်လင်းထာဝရမနသံတိုင်။ဒေါလေသပြိုင်။မောလေဟနှင့်ဆိုင်ဧ၀ဟန်ပိုင်ရွှေမဏ္ဏိုင်ရှင်။ ပိုင်စဉ်ဆိုင်စဉ်နိုင်ချင်တော်မှု။ကျော်သဲဇမ္ဗူ၊တော်လဲလို့ ကျွတ်ကျွတ်ဆူ။ ။ရန်ပုံခွင်းငယ်လေး။မာန်ဟုံသွင်းတယ်လေး။ဝရဇိန်ခွင်းပစ်တုန်။မရိုးရွှေစည်။ဘေဟီသံနှင့်ချုန်း။ က္ကုန္ဒာရှင် နတ်မင်းဘုန်း။ရပ်ရှစ်နယ်။လျှပ်စစ်နွယ်ကုန်း။ဘယ်မုန်းနိုင်ပေါင်။ တမင်ဆိုးလို့  မင်ခိုးထွေလောင်။မြင်မရဲပေါင်။ တွင်ထဲမှာတိတ်လို့ နှောင်။ မိုဃ်းနတ်မောင်။ ခိုးလျှပ်ရောင်။ ကိုး ရဘောင်ငယ်လေလေတင်းလေချိန်မို့ ။ မင်းရှိန်အာဏာ။ စစ်သည်ဗိုလ်ပေါင်းခိုညောင်းညီလာ။ကင်းနိုင်ဘုဘုရာ။မြတ်ကေ၀ိလာ။ နန်းကသည်ခါ။ လှန်းကြွချီခါ-နတ်ဒေ၀ါ မြတ်ဧရာဝက်မင်း။ဒေါသမူဟောသူမာန်ဖြင့်တင်း။

http://minus.com/lbif2bHAzZl0f0





မြဆံကေသာ မျှော်ပါယောင်မယ်ဘွဲ့ တချက်လွှတ် သီချင်းခန့်အလတ်

တေးပြုစာဆို- အမည်မသိ

(မြဝတီမင်းကြီး ဆို ဟု ဦးပြုံးချိုမဟာဂီတပေါင်းချုပ်ကြီး တွင်ဖော်ပြထား)

တေးဆို- ကိုအောင်စည်


တူရိယာဂီတ- စန္ဒယား-ကိုသိန်းဟန်၊ ပတ္တလား- ပခုက္ကူမောင်သိန်း

၊စောင်း -ကိုမင်းဟန်၊ နှဲ - ဦးမြကြီး၊ ဗုံ-မင်းထောပိုက်။ မောင်သန်းဝင်း

မြဆံကေသာ။ ယဉ်ရွေကြော့ထုံး။ ကြာရုံးလေ။ သာဆုံးလေ။ ဇာအုံးဘွေ။ ။


သုံးရွေရံလည်။ ရစ်သည်နှင့်သာ။ ဘုံမြင့်ငယ်စံရာ။ မြသွေးမှာ။ ခ ရေးကြာ။ ဆ တွေးခါ။ လှလေးငယ်မှာသာ။ ။


ထုံနှင်းသပ်ကယ်။ သော်မော်သဇင်။ ပန်းမွေ့စက်ရာ။ ခွင်ငယ်မှာလေ။ ချစ်ခင်ဟန်နှင့်။ ဥာဏ်ရေးဆင်။ လှလွမ်းပင်ငယ်။ ရွှေစင်ပုံရုပ်ကယ်-သွန်းသို့သို့။ ။


သော်တာဝန်းလို။ ပုံညွှန်းသူ့ရုပ်ရေငယ်သာ။ ။


ညက်ပြာညိုနွဲ့နောင်းငယ်နှင့်သာ။ ယဉ်ရာယဉ်မျိုးပေါင်း။ ။


ရွေဘော်သောင်းသောင်း။ ရုံးပေါင်းစီကာ။ ညီညာတည့်ဆေးလေး။ သံဝါကျူးရင့်ကြွေး။ ကြိုင်မွှေးပျံ့စွာ။ ယဉ်ရာရွေးလို့။ ရွက်ညှာဝတ်မှုံ။ ဆွတ်ခါနှင့်သာ။ *တမွတ်ရောင်ရွှေ။ ပြာခြေစိမ်းလဲ့။ ယိမ်းတိုင်းပျောင်းတိုင်း။ ယဉ်မူမြင်သူ။ မှိုင်မောလှိုင်စော။ ဗျာပါဝေဆူ။ ။


ဖြေယူသော်လဲ။ အုံးမပြိုင်ဘဲတုံ။ ။


ရွှေရင်တော်အုံ။ ရောင်စုံတည့်ဖြိုးဖြိုးလင်း။ ၀ိုးဝိုးဝင်း။ သာသာလေညှင်း။ ပြတင်းပြူဝ။ မျှော်တော်စေသာ။ ကြော့ဆုံးနတ်မှာ။ ။


ကြင်မစုံဝေး။ လွမ်းဆေးစုံခါ။ ကြေညာတည့်ပျံ့ရွှင်း။ လှိုင်စွာ မွှေးနံ့သင်း။ ။


ပြာဝင်းနွဲ့ပင်။ သဇင်အုံးက။ ဘုန်းငယ်ဘုန်းငယ်။ မုန်းမယ်နှင့်သာရှင်။ ။


ဆင်ရန်ပျိုးသည့်။ နောင်စိုးမည့်-လှလွမ်းပင်ငယ်ကိုလေး။ မျက်ရှင်ပုလဲ။ ပြည်တန်ရွဲ။ ပြစ်တင်တော်လဲ။ ခံရခဲတယ်ကို။




မဟာဂီတ သီချင်း အပုဒ်၂၀

ဆာကူရာ (ချယ်ရီပန်း)

တေးဆို- ချောစုခင်
အတီး - ဒေါက်တာယုယုချစ်၊ ဒေါက်တာငြိမ်းငြိမ်းချစ်၊ မနီနီပိုးချစ်၊ မမေသူခိုင် (အင်းလေးဦးမြင့်မောင်၏မြေးများ)



ဆာကူရာ.mp3 - Minus
minus.com
Minus helps you create and share files online. Drag your pictures and files onto this page, and we'll do the rest.


 
 


မြန်မာ့စောင်း နှင့် ပျို့မှာတမ်း

ဒီတစ်ခါတော့ မြန်မာသီချင်းကို မြန်မာ့စောင်းနဲ့ တီးမယ်။ ပျို့မှာတမ်း ဆိုတဲ့ သီချင်းလေးက ဟိုးတုန်းက မေရှင် ဆိုထားတာလေး။ အခုတင်ပေးမှာက စောင်း ၄ လက်နဲ့ တီးထားတာပါ။ စောင်းဆရာကြီး အင်းလေးဦးမြင့်မောင်ရဲ့ မြေးမလေးတေ
ွ တီးထားတာပါ။ စောင်းနဲ့ ကောဒ်တွေကိုင်သွားပုံများ အံ့သြချီးမွမ်းလောက်စရာပါပဲ။

ပျို့မှာတမ်း

တေးရေး -မြို့မငြိမ်း
တေးဆို- ဟေမာနေဝင်း
အတီး - ဒေါက်တာယုယုချစ်၊ ဒေါက်တာငြိမ်းငြိမ်းချစ်၊ မနီနီပိုးချစ်၊ မမေသူခိုင် (အင်းလေးဦးမြင့်မောင်၏မြေးများ)




 



 
မှိုင်းမှုန်ပြာညို (ငုငစ်ယိုးဒယား)

ရေး- ပြင်စည်မင်းသား
ဆို- မြင့်မြင့်စိန်
တီး- စောင်း ကိုမြင့်လှိုင်(ကျွန်းချောင်း)။ နှဲ ကိုမြသန်း။ ဗုံ ဦးပန်းခင်။ စည်းဝါး မြင့်မြင့်စိန်



မှိုင်းမှုန်ပြာညို.mp3 - Minus
i.minus.com
Minus helps you create and share files online. Drag your pictures and files onto this page, and we'll do the rest.
 http://minus.com/lbbDRiveGcOn0W


 

 
မှာ်ရုံမြေ သမင်လိုက်ယိုးဒယား

သီချင်းတစ်ပုဒ်လုံးမှာ အသက်အဝင်ဆုံးက အနောက်က ဗုံသံပဲ။

ရေးသူ - အမည်မသိ
ဆို - ဝင်းဦး
အတီး - စန္ဒယား အေဝမ်းခင်မောင် + အော်ဂင် ထိပ်တင်ဝင်း
http://minus.com/lbqXGz0vejg4au
 
 


ထောင်ရောင်နေကသာ သီချင်းခန့်

ရေး - မြဝတီမင်းကြီး ဦးစ
ဆို - ရီရီသန့်
တီး - စောင်းအင်းလေးဦးမြင့်မောင်

မြန်မာ့ မဟာဂီတသီချင်းများ ပန်တျာမူမှန် ပြုလုပ်ရေး ကြိုးပမ်းချက် အနေနဲ့ ၁၉၆၀ ခုနှစ်မှာ ယဉ်ကျေးမူဝန်ကြီးဌာနက မဟာဂီတ အခြေခံကြိုး ၁၃ ပုဒ်ကို ကမ္ဘာသုံးသင်္ကေတဖြင့် ပြုစုပြီး အတွဲ ၃တွဲ ထုတ်ဝေခဲ့ပါတယ်။ စောင်းဦးဘသန်းက ဦးစီး Editor လုပ်ခဲ့တာပေါ့။ ကမ္ဘာသုံးသင်္ကေတဖြင့် ပန်တျာမူမှန်ပြုလုပ်မှု ကြိုးပမ်းချက်ဟာ ဒီကြိုးသီချင်းများမှာတင် မပြီးမစီး ရပ်ဆိုင်းခဲ့ပါတယ်။ ဒီစာအုပ် ၃ အုပ်ဟာဆိုရင် ရှာလို့မရနိုင်လောက်အောင် ရှားပါးသွားပါပြီ။ ကျွန်တော်ဆီမှာတော့ ရှားရှားပါးပါး ebook လေး ရထားပါတယ်။ မဟာဂီတ အတီးလေ့လာသူများ လေ့လာနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

http://min.us/m2P5F65yZ/2f


 





သိဒ္ဓတ်မင်းတောထွက်ခန်း ယိုးဒယား

ဘုရားအလောင်းတောထွက်ခန်း ယိုးဒယားလေး။ စာသားလေး လွယ်ကူလို့ လူတိုင်းနားလည်နိုင်ပါတယ်။ သီချင်းကောင်းလေးတစ်ပုဒ်ပါပဲ။ ဘုရားလောင်းတောထွက်ပုံကို ဒီသီချင်းလောက် ထိမိတဲ့ သီချင်း မကြားဘူးသေးပါ။

ယသော်ဓရာ

တေးရေး - အမည်မသိ

တေးဆို - တင်တင်မြ

အတီး - စန္ဒယားဂီတလုလင်မောင်ကိုကို


http://i.minus.com/1345038602/yry0yS5oFZixIftWI_P0Xw/droK2yAXFAwWM/04%20%E1%80%9A%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%93%E1%80%9A%E1%80%AC.mp3


http://minus.com/lroK2yAXFAwWM



 
နှင်းတမြူးမြူး သီချင်းခန့်
ရေး- ဇေယပတေ့အမတ်
ဆို- မြင့်မြင့်စိန်
တီး-ပတ္တလား မင်းသစ်ထွန်း။ တယော ဦးမင်းကြည်၊ ဗုံ ဦးပန်းခင်
http://minus.com/lXrc9Zek1cwCF





ဖြူပြာမူယာ အီနောင်ဇာတ်ထွက်ပတ်ပျိုး

သာယာဝတီဦးဝိုင်းရေးသည်ဟု နိုင်ငံတော်မူ၊ ဂီတဝိသောဓနီ၊ ဂီတသိပ္ပံတို့က ဆိုသည်။
မြဝတီမင်းကြီးရေးသည်ဟု ရွှေနန်းထွက်နှင့်မဟာဂီတပေါင်းချုပ်တို့က ဆိုသည်။

တေးဆို - မြင့်မြင့်စိန် (၁၉၅၈-၅၉ ခန့် အသက် ၁၀ နှစ် အရွယ်တွင်

ဤသီချင်းဖြင့် မြန်မာ့အသံ ဓါတ်ပြားရရှိခဲ့သည်)

တူရိယာဂီတ- ဘာဂျာ ဆရာစိုး၊ တယော ဦးကြင်၊ ပတ္တလား ခင်မောင်ကျော်။ ပုလွေ ဦးလှမောင် (သီချင်းကြီး ဆရာစိုး အဖွဲ့)

http://minus.com/lBBVJktIWJtUM




တကြောမှောင်ပြာ ကရင်သြသံ

ရေး - သာယာဝတီဦးဝိုင်း
ဆို- ခင်ခင်မြင့်

http://minus.com/lbpuxK4mwnjx1p






တေဘုမ္မာ

ရေး- ကျိုက်လတ်ဦးပြုံးချို
အဆို -Yuri Takahashi (မြန်မာအမည်-ယုယုလွင်)
အတီး- ပတ္တမြားဗိုတင့်

http://dl.dropbox.com/u/78821785/Yu%20Yu%20Lwin/09%20Tay%20Bone%20Mar%20Hmaw%20Pyan%20Yodaya.mp3
Tay Bone Mar Hmaw Pyan Yodaya
Unknown Artist - Unknown Album
dl.dropbox.com
 
 
 
ရွှေတိဂုံဘွဲ့ထပ်တွန့်တေးထပ် နှင့် ကုန်စီစဉ်ပေါင်းသံဆန်း

တေးရေး-??
တေးဆို - ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်
အတီး - စောင်း ?? + ဆိုင်း အလင်္ကာကျော်စွာ ဦးဘမောင်

http://minus.com/lJRvB58NI7kJe
 
 
 
ပဏ္ဍုသေလာ ဘောလယ်
တေးရေး-လှိုင်ထိပ်ခေါင်တင်
တေးဆို - အေဝမ်းတင်တင်လှ + စိန်စိန်မြိုင်
အတီး - စောင်းဦးဘသန်း + ဆိုင်းစိန်ဗိုလ်တင့်

http://minus.com/lJ3kHpX74j2w0
 
 
 
ရွေတညာ

အလွမ်းဘွဲ့ ယိုးဒယား (ဖရံတင် ယိုးဒယား)
တေးရေး - ပြင်စည်မင်းသား
တေးဆို- ရီရီသန့်
အတီး - စောင်းအင်းလေးဦးမြင့်မောင်

http://minus.com/l74pe7r7t1jgk
 
 
 


ကာချင်း

အပျင်းလဲပြေ ဗဟုသုတလဲရ ၀စနာ လင်္ကာရ ထဲက ကာချင်း ဆိုဟန် ကိုတင်ပေးလိုက်ပါတယ်။ recording လုပ်ထားတာဖြစ်တဲ့ အတွက် အသံတိုးပါတယ်။ ကာချင်းဟာ ဒီလိုဆိုဟန်ရှိတယ် ဒီလိုဆိုကြတယ် ဆိုတာ လေ့လာနိုင်အောင်လို့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ရှားပါးဖြစ်တဲ့အတွက် ကူးယူ ထိန်းသိမ်းထားသင့်ပါတယ်။

ကာချင်း

http://i.minus.com/1342190685/ilo0al5YwfKK48xdfED6vg/dbbIlV8KFlp8sV/%E1%80%80%E1%80%AC%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8.mp3
 
 
 


တေဇာအာဏာထန်ပြင်းကြိုးသီချင်း

တေးရေး - ဝန်ကြီးပဒေသရာဇာ
တေးဆို- တင်တင်မြ
အတီး - စောင်းဦးဘသန်း

http://i.minus.com/1342888047/xWzE6lr7Md7pjJWCeRXhmA/dbqPRs9f183wla/%E1%80%B1%E1%80%90%E1%80%87%E1%80%AC%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%91%E1%80%B6%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%B8.mp3

 
 
 


မှိုင်းမှုန်ပြာညို (ငုငစ်ယိုးဒယား)

ရေး- ပြင်စည်မင်းသား
ဆို- မြင့်မြင့်စိန်
တီး- စောင်း ကိုမြင့်လှိုင်(ကျွန်းချောင်း)။ နှဲ ကိုမြသန်း။ ဗုံ ဦးပန်းခင်။ စည်းဝါး မြင့်မြင့်စိန်

http://i.minus.com/1344090571/Vg1Q1x9oIlZG9Zga6Ta2FQ/dbbDRiveGcOn0W/%E1%80%99%E1%82%88%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%82%88%E1%80%94%E1%80%B9%E1%80%BB%E1%80%95%E1%80%AC%E1%80%8A%E1%80%AD%E1%80%B3.mp3








07 တောင်ယံတောကလေး.mp3 - Minus
i.minus.com
Minus helps you create and share files online. Drag your pictures and files onto this page, and we'll do the rest.
http://minus.com/lbuxUxIk1csRyJ
 
 
 


အတီးမပါ အဆိုသက်သက် ဝစနာဂီတလင်္ကာရ ပညာခန်းတွေ မြန်မာ့ဂီတမှာရှိတယ်။ ရတု၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ လူးတား၊ မော်ကွန်း၊ လေးချိုးကြီး၊ တွေပေါ့။ အတီးကင်းလွတ်ပြီး အသံသြဇာ အပြည့်နဲ့သီဆိုကြရပါတယ်။ အသံကို မယိမ်းမယိုင် ပြောင်းလဲခြင်းမရှိပဲ တော
က်လျှောက် ဆိုရတယ်။ ဒီထဲက အိုင်ချင်းလေးတစ်ပုဒ်ကို မျှဝေပေးပါ့မယ်။ အိုင်ချင်းလေးတွေကို ငယ်ငယ်ကကျောင်းမှာသင်ရပါတယ်။ အချို့ဆရာတွေ အသံလေးထည့်ပြီးသင်ပေးတတ်ကြတယ်။ ငယ်ငယ်တုန်းကတော့ သမံကာပေါ့။
အိုင်ချင်းကတော့ အင်းဝခေတ်ကတည်းက ပေါ်နေပြီ။ တောရွာသဘာဝ ဓလေ့စရိုက် တို့ကိုဖွဲ့လေ့ရှိပြီး ထီးမူနန်းဟန်မတွေ့ရပဲ ရိုးသားပွင့်လင်းတဲ့ တောသူတောင်သား သဘာဝများကိုတွေ့ရပါတယ်။

အိုင်ချင်း


















 
တစ်ကယ့်ကိုရှားပါး မဟာဂီတသီချင်းပါ။ ထိန်းသိမ်းပေးကြပါဗျာ။

တောင်ကမ်းပါးယံ မြိုင်ထ

အဆို - ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်
အတီး -ဆိုင်း အလင်္ကာကျော်စွာ ဦးဘမောင်
http://www.mediafire.com/download.php?i95etsf25zu359d




ဟေဝန်စုံမြိုင် ကိန္ဒရာချောင်းခြားပတ်ပျိုး

ရေး - ဇာတ်ဆရာဦးကျောက်ခဲ
ဆို - ရီရီသန့်
တီး- ဦးရည်နွယ် (ပတ္တလား)

http://minus.com/lbohU04RcBn5ni




အလင်္ကာဝတ်ရည် တေးသင်္ကေတပေါင်းချုပ်

http://minus.com/lSGRAy1J8fpW7




မြုဝန်းလို့ ခို ကိန္နရာချောင်းခြား ပတ်ပျိုးကလေး။

အသံနည်းနည်းတိုးပေမယ့် နားထောင်လို့တော့ရနိုင်ပါတယ်။ တောင်းဆိုမှုရှိလို့ တင်ပေးလိုက်ပါတယ်။

တေးရေး- ဇာတ်ဆရာဦးကျောက်ခဲ
တေးဆို - မြင့်မြင့်ခင်

http://minus.com/l3chLUSajtyxX




မဟာဂီတရဲ့ အဆင့်အမြင့်ဆုံး မြဝတီမင်းကြီးရဲ့ ပတ်ပျိုးကြီးလေးပုဒ် ဝင်----- နားဆင်ကြည့်ပါ။ မြန်မာ့ဂီတရဲ့ အရသာအစစ်ကိုခံစားရစေမယ်လို့ အာမခံပါတယ်။

အထူးထူးငယ်နှင့် ဗရင်ဂျီသြသံ ပတ်ပျိုးကြီး၊၊
ရေး- မြဝတီမင်းကြီးဦးစ
ဆို- မာမာအေး
(Rachel Tin မှကျေးဇူးပြုသည်)

http://minus.com/lUSivvRcVBK7v




01 ရွှေပန်းပန်ငယ်တို့ အစချီ ကိုယ်တော်နှင်းနံ့လေးထွေသံကပ်နှင့်မြန်မြေနယ်ဇမ္ဗူဘောင်မြင်းခင်း

တေးဆို - ရီရီသန့်
အတီး - အင်းလေးဦးမြင့်မောင်

http://minus.com/lb2bAigSy6QBnx






ဆို - ဦးထွန်းရွှေ

http://minus.com/lbhRsCBUS63PF0


ဒိုးပတ်သံ.mp3 - Minus
minus.com
Minus helps you create and share files online. Drag your pictures and files onto this page, and we'll do the rest.
 
 
 
ရှေးဟောင်းအိုးစည်သံ

တော်လှန်ရေးကောင်စီလက်ထက်က ဒေါ်စောမြအေးကြည်၊ ဦးဟန်ပ၊ ဦးသာကျင်၊ သန်လျင်ဦးမြဦးတို့ဦးစီးပြီး ယဉ်ကျေးရန် ရည်ရွယ်ချက်နဲ့ အသံသွင်းယူခဲ့တာပါ။ ဆရာဦးခင်ဇော်(K) က မိတ်ဆက်စကားနဲ့ မြန်မာ့ဂီတအခြေခံသဘောကို အကျဉ်းရှင်းပြပြီး ၁၉


၆၅ ခုနှစ်မှာ ကတ်တလောက်စာအုပ်နဲ့အတူထုတ်ဝေခဲ့ပါတယ်။ သီဆိုသူတွေကတော့ တင်တင်မြ၊ ခင်ခင်မြင့် နဲ့ကိုထွန်းရွှေတို့ပါ။ ဓာတ်ပြားအမှတ် A-001 ကနေ A-005 အထိ နှစ်ဖက်ပေါင်း ၁၀ ပုဒ်ထုတ်ဝေခဲ့ပါတယ်။ အိုးစည်၊ ကရင်သြသံ၊ လှေတော်သံ၊ တလိုင်း၊ စည်တော်သံ၊ နတ်ချင်း၊ ဗျော၊ ဗုံကြီးသံ၊ ဒိုးပတ်၊ ဘောလယ် တို့ပါဝင်ပါတယ်။ အဲ့ဒီထဲက သီချင်းတစ်ပုဒ်ပေါ့။ ဒိုးပတ်သံတော့တင်ပေးခဲ့ပြီးပါပြီ။


တေးဆို - ဦးထွန်းရွှေ













ရှေးဟောင်းဗြောသံ

တော်လှန်ရေးကောင်စီလက်ထက်က ဒေါ်စောမြအေးကြည်၊ ဦးဟန်ပ၊ ဦးသာကျင်၊ သန်လျင်ဦးမြဦးတို့ဦးစီးပြီး ယဉ်ကျေးရန် ရည်ရွယ်ချက်နဲ့ အသံသွင်းယူခဲ့တာပါ။ ဆရာဦးခင်ဇော်(K) က မိတ်ဆက်စကားနဲ့ မြန်မာ့ဂီတအခြေခံသဘောကို အကျဉ်းရှင်းပြပြီး ၁၉ ၆၅
ခုနှစ်မှာ ကတ်တလောက်စာအုပ်နဲ့အတူထုတ်ဝေခဲ့ပါတယ်။ သီဆိုသူတွေကတော့ တင်တင်မြ၊ ခင်ခင်မြင့် နဲ့ကိုထွန်းရွှေတို့ပါ။ ဓာတ်ပြားအမှတ် A-001 ကနေ A-005 အထိ နှစ်ဖက်ပေါင်း ၁၀ ပုဒ်ထုတ်ဝေခဲ့ပါတယ်။ အိုးစည်၊ ကရင်သြသံ၊ လှေတော်သံ၊ တလိုင်း၊ စည်တော်သံ၊ နတ်ချင်း၊ ဗျော၊ ဗုံကြီးသံ၊ ဒိုးပတ်၊ ဘောလယ် တို့ပါဝင်ပါတယ်။ အဲ့ဒီထဲက သီချင်းတစ်ပုဒ်ပေါ့။


တေးဆို - ဦးထွန်းရွှေ
http://minus.com/lMUlv8atwjw53
 
 
 
မလေးလက်ဆောင်

ဒီသီချင်းလေးက ဟိုးအင်းဝခေတ်က စာဆိုတော်မယ်ခွေ ရေးတဲ့ကဗျာလေးကို သံစဉ်လေးထည့်ထားတာ။ ဒီကဗျာလေးက ကျောင်းမှာ ငယ်ငယ်က သင်ခဲ့ရဘူးတယ်။ ဒီရှာဟာဖွေဖွေ ရှားပါးလေးကို အားလုံးနဲ့ တူမျှနားဆင်ရအောင် တင်ပေးလိုက်ပါတယ်။

ရေးဖွဲ့သူ - မယ်ခွေ (အင်း


ဝခေတ်)
အဆို - သုမောင်
ခံစားတီးခတ် - စောင်းဦးဘသန်း + ဆိုင်းစိန်ဗိုလ်တင့် + စန္ဒယား ထိပ်တင်ဝင်း

မဝယ်ဘူး၊

မယ်ခူးတဲ့ဖက်စို။

မီးမကူ၊

နေပူမှာမကင်အားလို့၊

ထားရတယ် အိပ်ရာအောက်မှာ၊

မင်းသောက်ဖို့ကို။

ညှာအနား၊

ရှေ့သွားနှင့်ကိုက်လို့တို၊

မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊

ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊

ငယ်ချစ်မောင် ရွှေဝသွားကို၊

ပါးလိုက်တဲ့လေး။ ။

http://www.mediafire.com/download.php?dmsobijp0wc8ibx