Sunday, December 2, 2012

အောင်ပင်လယ်ကြာချပ်ကြီးကြိုး နှင့် ကြာချပ်ငယ်ကြိုး

ရေးသူ – ဦးလွန်းပြေ

သီချင်းအမျိုးအစား  – အောင်ပင်လယ်ကြာချပ်ကြီးကြိုး နှင့် ကြာချပ်ငယ်ကြိုး

အဆို  – နှင်းရည်သန့်

အတီး – စောင်းအင်းလေးဦးမြင့်မောင်



ကြိုးသီချင်းတွေပဲ တင်ပေးပါဦးမယ်။ ဒီသီချင်းတွေက မဟာဂီတနားထောင်နေကြ မဟုတ်ရင် နားစိမ်းနေတက်တယ်။ ရှားပါးသီချင်းတွေပါ။ မဟာဂီတလိုက်စားတဲ့သူတွေအတွက်ကတော့ အဖိုးမဖြတ်နိုင်ပါဘူး။  အောင်ပင်လယ်ကန် အကြောင်းရေးစပ်ထားတာပါ။

အောင်ပင်လယ်ကြာချပ်ကြီးကြိုး

(ဦးလွန်းပြေ)

(နိုင်ငံတော်မူမှကူးယူဖော်ပြသည်)

(ရွှေနန်းအောင်ချာ၊ ပြုဗ္ဗာရှေးဦး ဆီကလေ။ ပျော်ခင်းစံရာ နန္ဒာကန်ကြီး ဆည်တည်လို့လေး)၂။ အကျူးယဉ်လေခြင်း၊ အဖူးငုံအာဝင်း၊ အထူးထွေလာဆန်း၊ အဖူးငုံအာလန်း။ (ရွှေကြာနီ၊ ရွှေကြာဖြူ၊ ကြူရရူငယ် လေသင်းသင်း၊ နံ့ရှင်းရှင်း)၂။ (အိုင်မင်း အိုင်မင်း ဆဒ္ဒန်၊ တူတည့်တူမောဟန်)၂။ (ပုံသဏ္ဌာန်လေမကွဲ၊ ပြိုင်မသာလေပဲ)၂။ (ပျံဝဲယှဉ်နွဲမောင်နှံ၊ ငှက်တည့် ငှက်ပေါင်းညံ)၂။ (စာနှံတောင်ပံ နီတွတ်၊ နှမနည်းသည့် မောင်ငယ်မှာ သင်တည့်သာသင်တိုင်းဝတ်)၂။ (သင်တိုင်းဝတ်)၂။ (ချည်ခင်စွတ်ကယ် ကြင်ဖော်သွေးလို့လေး၊ ကြာဖတ်ကို သင်ကာနွှေးလို့လေ)၂။ (စုစုငယ်လေ သီးသီး၊ ဝေးပင်ဝေးမနီး)၂။ (ရွှေပြည်ကြီး လယ်သူ၊ ထွားထွားနုအူ)၂။ ကျူစွာသံဝါချိုနု၊ သျှင်ပင်အင်းခရုငယ်နှင့်လေး၊ ကျူစွာသံဝါချိုနု သျှင်ပင်အင်းခရုငယ်မှာ (ကျွတ်ဆုငယ်တိုင်၊ ကြာခိုင်ကြာခိုင် နှင့်နှင့်လေ၊ တူပြိုင်ယှဉ်ပြိုင်ဆင့်ဆင့်လေး)၂။ နှင်းနှင့်ထုံပန်း စံပယ်ခေါင်ရန်း၊ သော်မော်အပြည့်လျှမ်းပါလို့၊ မင်းလမ်းစပ် ကာကာလေလေ တည့်မင်းလမ်းစပ်ကာကာ။

အောင်ပင်လယ်ကြာချပ်ငယ်ကြိုး

(ဦးလွန်းပြေ)

(နိုင်ငံတော်မူမှကူးယူဖော်ပြသည်)

(မင်းလမ်းစပ်ကာ၊ လူးလာပြန်သွား၊ ရွှေပြည်မြို့ကြီးသူငယ်မှာ၊ တိုးပင်တိုးမအား)၂။ (လက်ဖျားဆွတ်ကာ ကာတည့်လေ၊ သက်ထားတူမကွာတည့်လေး)၂။ (ဘုန်းပန်းစက်ခြည်၊ ရွှေပြည်တော်နှင့်မဝေး မဝေး၊ မေရုဓာတ်တော်၊ ကိန်းဝပ်ပျော်၊ တောင်တော်မန္တလေး)၂။ (ရွှေညောင်ရေတည့် သွန်းလောင်း။ သွန်းတည့်သွန်းလောင်းလောင်း)၂။ (နှင်းပေါင်းနှင်းပေါင်း)၂။ နှင်းပေါင်းရည်နှင့် ညညနေ့တိုင်းပင်လေလေ တည့်ညနေ့တိုင်းပင်။

Download

ရွှေနန်းအောင်ချာ

မင်းလမ်းစပ်ကာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.