Sunday, December 2, 2012

သာရကာကျေးငယ်တို့ မိုးဘွဲ့ပတ်ပျိုး

ရေးသူ- မြဝတီမင်းကြီးဦးစ

သီချင်းအမျိုးအစား – မိုးဘွဲ့ပတ်ပျိုးကလေး

အဆို – မစိမ်းစိမ်း

အတီး – စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်တင့်



မစိမ်းစိမ်းရဲ့အေးမြတဲ့အသံနဲ့အတူ နွေခေါင်ခေါင်မှာ မိုးဘွဲ့သီချင်းကိုတင်ပေးလိုက်ပါတယ်။ သီချင်းနားထောင်ရင်း မိုးရာသီကိုကွက်ကွက်ကွင်းကွင်းမြင်ယောင်လာစေပါတယ်။ ဇော်ဂီကွက် မှင်ရောင် ချိပ်ရောင် တိမ်မိလ္လာ တွေတက်လာပြီး လျပ်ပန်းမိုးကြိုးစည်သံစုံ မြည်ဟီးလို့ သူရာသိကြား ဗျူဟာစစ်ခင်း ပုံကို လှပနုရွတဲ့ စကားအသုံးအနှုန်းလေးတွေနဲ့ရေးဖွဲ့ထားတာပါ။ရာသီနန်း ဘုံခန်းစာပျို့နှင့်ညီအောင်တဲ့ရီမှောင် ဆိုတဲ့ အပိုဒ်ကတော့သီချင်းရဲ့အထွတ်အထိပ်ပါပဲ။

ဒီသီချင်းကိုမဟာဂီတစာအုပ်များမှာ မြဝတီမင်းကြီးရေးတယ်လို့ ဖော်ပြထားပေမယ့် ရွှေနန်းထွက်မဟာဂီတစာအုပ်မှာတော့ မင်းကြီးကတော်ခင်ဆုံရေးတယ်လို့ဖော်ပြထားပါတယ်။

သာရကာကျေးငယ်တို့ မိုးဘွဲ့ပတ်ပျိုး

မြဝတီမင်းကြီးဦးစ

(ရွှေနန်းသုံးမဟာဂီတမူ)

သာရကာကျေးငယ်တို့၊ ခွံနွှေးရာသိုက်မှီ၊ ရ၀ိန်ဘုံခန်း၊ လယ်လမ်းကွန့်ဒေသစာရီ။ ပတ်သန်းငယ်တည့်စီရီ၊ ဇော်ဂီ-ကွက်ဆင် သက်တင်ချိပ်ပန်း၊ တိမ်မိလ္လာ ဆူကာ ဆင်ဇော်ရမ်းနှင့်လေး၊ ဆေးပန်းချီ စုံစီခြယ်လှယ် သန်းလို့လေး။ ရှစ်ခန်းတခွင် ခြယ်မင်လှိုင်းပါလို့၊ အိုဆင်သင်တိုင်းငယ်နှင့်၊ဝိုင်းကာသာအုံ၊ ညွှတ်ခွေယိုင် ဖြေနိုင်ပဲ၊ ဘွင်သဲကြွေလု-ဆွေးစေကြုံ။ အို-မိုးငယ်ရွှေအမ္ဗုန်က၊စည်သံစုံ ဆော်လာချဲ့ပါလို့၊ ဖော်ကွာမယ့်ဆွေးပူစေဖန်၊ ရွာပုံဟန်နှင့်သာ၊ မာန်ငြိုးပြင်း၊ အသူရာတို့၊ ဗျူဟာခင်း၊ စစ်ခင်းဟန်ဖွဲ့၊မိုးလေးတိမ်ဆီလှမ်း၊ ဟန်မမှီ၊ ရာသီနန်း ဘုံခန်းစာပျို့နှင့်၊ ညီအောင်တဲ့ ရီမှောင်။

သဖြန်- ရစ်သန်းငယ်မှောင်၊ မကရ်းစူကာနှောင်သို့၊ ရွာယောင်မာန်ပျိုး၊ကြွေးရင့်ငှက်သံ၊ နွေရက်ကယ် မိန်အကျန်မို့၊ ချိန်မတန်ရွာစွေဖွဲ့တယ်၊ တင့်ရဲတဲ့မိုး။   ။     ။

Download -

သာရကာကျေးငယ်တို့ (4shared)

သာရကာကျေးငယ်တို့ (mediafire)

No comments:

Post a Comment

Note: Only a member of this blog may post a comment.