ဘုန်းတော်ရောင်ဖြာ
ရေးသူ – အမည်မသိ
ဆိုသူ – နှင်းရည်သန့်
အတီး – အင်းလေးဦးမြင့်မောင်
သီချင်းအမျိုးအစား – နမောဗုဒ္ဓ ကြိုးသီချင်း
ဒီကြိုးသီချင်း လေးက ရှားပါးသီချင်းလေးပါ။ မဟာဂီတလေ့လာလိုက်စားသူတွေတောင် တီးလေ့ဆိုလေ့ မရှိသလောက်ပဲ။ ရိုးရှင်းတဲ့ ကြိုးသီချင်း လေးဖြစ်ပြီး နားထောင်လေ့မရှိရင် နားနည်းနည်းစိမ်းနေနိုင်ပါတယ်။ ဘုရားရှိခိုးကြိုးသီချင်းလေးတစ်ပုဒ်ပါပဲ။နားထောင်ခံစားကြည့်ပါ။
ဘုန်းတော်ရောင်ဖြာ(4shared)
ဘုန်းတော်ရောင်ဖြာ(mediafire)
ကောင်းကြီးသင်္ခါ
ရေးသူ – ပြင်စည်မင်းသားသီချင်းအမျိုးအစား – ဘုန်းတော်ဘွဲ့မွန်
အဆို – မာမာအေး
အတီး – စောင်းဦးခင်မြင့်၊ ဆိုင်းစိန်ဗိုလ်တင့်
ပြင်စည်မင်းသားရေးစပ်ခဲ့တဲ့ မွန်သီချင်းအမျိုးအစားပါ။ ဘုန်းတော်ဘွဲ့ဆိုလို့ ရှေးခေတ်ပဒေသရာဇ်ခေတ်ကို ပြန်တမ်းတတာမဟုတ်ပါဘူး။ ရှေးကတိုင်းဂုဏ်ပြည်ဂုဏ်မင်းဂုဏ်စိုးဂုဏ် ကိုစပ်ဆိုခဲ့တာလေးတွေကို အနုပညာ ဂီတတခုအနေနဲ့ ခံစားစေချင်လို့ပါ။
ဆရာဇော်ဂျီကပြောဘူးတယ်။ မဟာဂီတကိုကြည့်ရင် မြန်မာတွေရဲ့စိတ်ဓါတ်ကိုသိနိုင်တယ်။ မဟာဂီတမှာ အဖွဲ့အနွဲ့ ၃ မျိုးရှိတယ်။ တစ်က မယ်ဘွဲ့မောင်ဘွဲ့ ချစ်ခြင်းမေတ္တာ ကိုဖွဲ့တယ်။ မြန်မာတွေဟာ ချစ်ခြင်းတရားကို လက်ကိုင်ထားတဲ့လူမျိုး။ နှစ်က တောတောင်ရာသီဥတု သဘာဝပတ်ဝန်းကျင် ကိုဖွဲ့တယ်။ မြန်မာတွေဟာသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့လူမျိုး။ သုံးက တိုင်းဂုဏ်ပြည်ဂုဏ်မင်းဂုဏ်စိုးဂုဏ် ကိုဖွဲ့တယ်။ မြန်မာတွေဟာ တိုင်းပြည်ချစ်တဲ့ လူမျိုးလို့ ဆရာဇော်ဂျီ ကပြောတယ်။ ဒါ့ကြောင့် မဟာဂီတဟာမြန်မာတွေရဲ့စိတ်အစဉ်ကိုကိုယ်စားပြုတယ်။ မဟာဂီတပျောက်ရင်တော့ ယဉ်ကျေးမှုပျောက် ပြီးလူမျိုးပါပျောက်လိမ့်မယ်။ ဒါ့ ကြောင့် မဟာဂီတကိုထိန်းသိမ်းကြပါစို့။
ကောင်းကြီးသင်္ခါ(4shared)
ကောင်းကြီးသင်္ခါ(mediafire)
No comments:
Post a Comment
Note: Only a member of this blog may post a comment.