Saturday, December 1, 2012

လကျာ်သပြေ

လကျာ်သပြေ ပတ်ပျိုး ပါ။ရေးသူ – ငယ်တိုးအတွင်းဝင် နန္ဒယော်ဓာ ဦးကျီစိုး

သီချင်းအမျိုးအစား -မြောက်အိမ်တော်သံ တျေသတ်ပတ်ပျိုးကလေး

ယခုအဆို – တင်တင်မြ

အတီး – အလင်္ကာကျော်စွာစောင်းဦးဘသန်း

ဒီသီချင်းကတော့ ပတ်ပျိုးဆိုပေမယ့်အဆုံးမှာ နတ်ချင်းလိုက်ထားတဲ့ ပဒေသာ သီချင်းပါ။ နတ်ချင်းကို မကြားရသလောက်ဖြစ်သွားပြီ ခုခေတ်မှာ၊ ကျွန်တော်မှာ ရှားရှားပါးပါး ဒီသီချင်းလေးနောက်ကနတ်ချင်းလေးပဲ ရှိတယ်။ မိတ်ဆွေတယောက် တောင်ဆိုလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကပညာရှင်မဟုတ်တော့ သိပ်နားမလည်ပါဘူး။ မြောက်အိမ်တော်သံ လို့ဘာလို့ခေါ်သလဲ။ တျေသံလို့ဘာလို့ခေါ်သလဲ မသိပါဘူး။ သီချင်းကိုပုံမှန်အတိုင်း တျာတျေတျော မချပဲ နတ်ချင်း ဘောလယ် စသဖြင့် ပဒေသာဝင် ဖို့ တျေသံနဲ့ link လုပ်လို့ တျေသံပတ်ပျိုးလို့ ခေါ်သလား။ သိမှီတဲ့ပညာရှင်ရှိရင် ရှင်းပြပေးပါ။

နတ်ချင်းဆိုတာဆိုင်းဝိုင်းနဲ့အုံဖွဲ့တီးမှနားထောင်ကောင်းတယ်ထင်တာ။ ဒီမှာတော့ စောင်းနဲ့လက်စွမ်းပြထားတယ်။ စောင်းဦးဘသန်း စောင်းဘုရား၊ စောင်းဘုရင်လို့ဘာလို့ကျော်ကြားသလဲဆိုတာ  ဒီသီချင်းမှာ သက်သေပြထားပါတယ်။ နားဆင်ခံစားကြည့်ပါ။

လကျာ်သပြေ(4shared)

လကျာ်သပြေ(mediafire)

No comments:

Post a Comment

Note: Only a member of this blog may post a comment.