အင်ကြင်းသရဖီ
ဒီတခါတော့ မဟာဂီတယိုးဒယားသီချင်းလေးတစ်ပုဒ်ပါ။တောဘွဲ့သံဆန်း အမျိုးအစားပါ။ ခုခေတ်မှာတော့ တောဘွဲ့တောင်ဘွဲ့ သဘာဝပတ်ဝန်းကျင် ကိုစပ်ဆိုတဲ့ သီချင်းမရှိသလောက် ရှားသွားပြီ။ ရှေးမြန်မာကြီးများ သဘာဝပတ်ဝန်းကျင် ကိုချစ်တတ်တဲ့ သူတွေဆိုတာဒီလိုအင်မတန်ကောင်းတဲ့ တောတောင်ဘွဲ့သီချင်းတွေက သက်သေခံ နေပါတယ်။ ဒီသီချင်းကိုဘယ်သူရေးစပ်ခဲ့တယ်ဆိုတာ မဟာဂီတစာအုပ်တွေမှာ မဖော်ပြထားပါဘူး။ အဆိုတော်ကြီးရီရီသန့်က စောင်းဦးမြင့်မောင်ရဲ့စောင်းအတီး နဲ့တွဲဖက်သီဆိုထားပါတယ်။ ဒီသီချင်းလေးကိုနားဆင်ရင်း မဟာဂီတချစ်သူများ စိတ်နှလုံး ငြိမ်းအေးနိုင်ကြပါစေ။အင်ကြင်းသရဖီ(4shared)
အင်ကြင်းသရဖီ(mediafire)
ဘောလယ်တီးကွက်
အလင်္ကာကျော်စွာ စောင်းဦးဘသန်း ရဲ့လက်သံပါ။ တစ်ခေတ်တစ်ခါပေါ်ပေါက် လာတဲ့ မြန်မာ့စောင်းပညာ ရှင်ကြီးပါ။ နားဆင် ပြီး commentလေးများပေးပါအုံး။
Download - ဘောလယ်တီးကွက်
တေဘုမ္မာ
ကျိုက်လတ် ဦးပြုံးချိုရေးစပ်ထားတဲ့ ဓမ္မဂီတယိုးဒယား သီချင်းပါ။ကျိုက်လတ်သားညီငယ် တစ်ယောက်ကတောင်းဆိုလို့ ဒီသီချင်းကို တင်ပေးတာပါ။ ဒီသီချင်းက ဓမ္မအဓိပ္ပါယ်တွေ အများကြီးပါပါတယ်။ ရီရီသန့်ရဲ့အဆိုနဲ့အတူ စောင်း၊ပတ္တလား အရသာ၂ မျိုးနားထောင်လို့ရအောင် ၂ ပုဒ်တင်ပေးထားပါတယ်။ စောင်းကအင်းလေးဦးမြင့်မောင်၊ ပတ္တလားက စန္ဒယားဦးရီနွယ် ဖြစ်ပါတယ်။တေဘုမ္မာ (စောင်း)4shared
တေဘုမ္မာ (စောင်း)mediafire
တေဘုမ္မာ (ပတ္တလား)4shared
တေဘုမ္မာ (ပတ္တလား)mediafire
No comments:
Post a Comment
Note: Only a member of this blog may post a comment.