အရင်တခါ စိန်ခြူးကြာညောင် ပြီးတော့ဒီတခါ ရှိစုံရွက်ကြာပေါ့။ ကုန်းဘောင်ခေတ် သာယာဝတီမင်းရဲ့အနောက်နန်းမိဘုရား မမြကလေး စပ်ဆိုခဲ့တာပါ။ ဘောလယ်မင်းသမီး လှိုင်ထိပ်ခေါင်တင်ရဲ့ မယ်တော် ပေါ့။
အဆိုရှင်ကတော့ သီချင်းကြီးအဆိုတော်သင်းသင်းမြတ်ပါ။ ဒီသီချင်းကိုစနားထောင်တော့ ခေတ်ဟောင်း အဆိုစတိုင်ကြီးလို့ ထင်မိပါတယ်။ ဒါပေမယ့် နားထောင်ရင်း နားထောင်ရင်း နားထဲမှာတဖြည်းဖြည်း အရသာရှိလာတယ်။ အသံအနိမ့်အမြင့် အရမ်းမသုံးပဲ အေးအေးဆေးဆေးနဲ့ အဆိုအတီး အပေးအယူမျှမျှ နဲ့ဆိုတီး သွားပါတယ်။ အလွန်ကောင်းတဲ့ သီချင်းတပုဒ်ပါ။ နားဆင်ကြည့်ပါ။
link – ရှိစုံရွက်ကြာ

No comments:
Post a Comment
Note: Only a member of this blog may post a comment.