Saturday, December 1, 2012

စိန်ခြူးကြာညောင်

လှိုင်ထိပ်ခေါင်တင် ရဲ့ အမျော်ဆိုက် ဘောလယ်သီချင်း လေးပါ။ ဒီသီချင်းလေးကတော့ မဟာဂီတနားလည်သူရောနားမလည်သူရော သူသူငါငါ ကြားဘူးတဲ့ သီချင်းလေးပါပဲ။ စိန်ခြူး ကြာ ညောင်လို့ပြောလိုက်ရင်မောင်တော်ကနောင်မင်းသားကြီး ဆောင်တော်ကူး ကိုစောင့်မျော်နေတဲ့ သနားစရာ မင်းသမီးလေးကို ပြေးမြင်မိအောင်ကို သီချင်း က စွဲဆောင်မှုကောင်းပါတယ်။

ဒီသီချင်းကို အဆိုက ခေတ္တရာတမာချို (ခုခေတ်လူငယ်တွေမသိလောက်တော့ဘူး) နဲ့ စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုတင့်၊ စန္ဒယား ဂီတလုလင်မောင်ကိုကို တို့က သီဆိုတီးခတ် ထားကြတာပါ။

စိန်ခြူးကြာညောင်

အိမ်ရှေ့မင်း အဆောင်တော်ကို မကြွလာ၍ လှိုင်ထိပ်ခေါင်တင်ရေးသော ဘောလယ်

စိန်ခြူးကြာညောင်။ လရောင်-လင်းပါလို့။ မှန်ရွှေပြူတင်းရယ်က-မယ်ခုမျှော်။ ။ သုံးချက်စည်တော်။ ရိုက်ဆော်ညှင်းတယ်လေး။ လင်းရွှေကြက်ဆော်။ ။ သဇင်သင်းပါတဲ့-ခင်းပြန့်ပေါ်။ လာနိုးငယ်မယ်မျှော်လို့။ တကိုယ်တော်ထူး။ ထွေရာစိတ်ကူးပါလို့။ ဖူးရွှေလက်တင်။ ဖြစ်ရှေးကုန်စင်။ ဘ၀င်တုန်ဆွေးတယ်လေး-တွေးကြံလိုက်ရင်။ သစ္စာတော်စူးပါစေ့-ဆိုဦးကပင်။ ခင်လေးကို-မောင်ကြင်ငဲ့။ ရာသက်တွင်ဘဲ။ နောင်သွေမလွှဲပါဘု။ ယုံတော့မေ။ ပြဒုဆောင်ဘွေ-သီဟာတင့်တယ်လေး။ စိုးညာမြင့်နေ။ နတ်ဒေ၀ီဖြားသော်လဲ တပါးကိုမသွေ။ ရှစ်ဗြဟ္မာခြွေပါလို့။ အောင်ဇေယျာညွှန်း။ မတ်ခြွေရွေဝန်းငယ်နှင့်။ ရေသွန်းတော်ခံ။ မဟေသီမှန်၊ ဒေ၀ီတပ်တယ်လေး။ ဦးဆယ်ထပ်ရံ။ ။ သည်မယ်တင်စားပါလို့၊ ကြင်အားငယ်သန်၊ ခုများမှာ-တဥာဏ်နှင့်၊ မူဟန်တော်ခြား။ ပြုတော်မူအားသူမို့၊ မျက်ထားတော်မှုံ။ မသိပြင်ပြင်။ အရင်သူစိမ်းတယ်လေး။ ပိန်းပိတ်လို့ခြုံ။ ။

(သဖြန်) အချစ်ကိုယုံ၊ ပုံပါငဲ့အလုံး။ ။ ရှောင်လွှဲနေပျော်လို့၊ မကြည်သော်- မျက်တော်ဖုံးတယ်။ ဘယ်တွက်ကြောင့်မုန်း။ ။

(ဂီတ၀ီသောဓနီမူ)

download      -     စိန်ခြူးကြာညောင်

မဟာဂီတသီချင်းကြီးသီချင်းခန့်များဟာ အခုခေတ်မှာရှားပါးသွားပါပြီ။ ဒီသီချင်း တွေကို အချိန်ကုန် လူပမ်းခံပြီး ရှာဖွေ တင်ပြထားရတာပါ။ မိတ်ဆွေများ comment များချန်ပြီး feedback ပေးမှ ကျွန်တော် အပမ်းပြေအားရှိမှာပါ။ ဒီဆိုဒ်ကလေး အရှည်တည်တန့်အောင် အားပေးကူညီ အကြံညဏ်များပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.