ကုန်းဘောင်ခေတ် ပုခန်းမင်းသားကြီးရေးစပ်ခဲ့ တဲ့ တောင်လားပတ်ပျိုးပါ။
ပုခန်းမင်းသားကြီးဟာ ဘိုးတော်ဘုရားနဲ့ မြောက်ရွှေရေးဆောင်မိဖုရား တို့မှ ဖွားမြင်ခဲ့တယ်။ ရွှေကူမင်းသမီးနဲ့ လက်ဆက်ခဲ့တယ်။ ၁၁၇၀ အိမ်ရှေ့စံရွှေတောင်မင်းသား နတ်ရွာစံတော့ ဘိုးတော်မင်းက မြေးတော်စစ်ကိုင်းမင်းသားလေးကိုအိမ်ရှေ့အရာပေးတော့ သားတော်ကြီးတွေမကျေနပ်ကြဘူး။ အိမ်ရှေ့ခန့်တဲ့အရေးမှာ အရေးယူခံရတဲ့ မင်းသားများနဲ့အပေါင်းပါများရှိခဲ့တယ်။ ပုခန်းမင်းသားမှာဦးစီးဦးဆောင်မဟုတ်သော်လဲ အလိုတူပါဝင်ခဲ့လို့ အရေးယူခံရပြီးအညာသစ်တောကိုပို့ခံရတယ်။ အဲ့ဒီမှာ ဒီသီချင်း ကိုစပ်ဆိုခဲ့တာပါ။ ဤပတ်ပျိုးမှာမင်းသားရဲ့ကိုယ်တွေ့ခံစားချက်၊ ရင်တွင်း ဖြစ်စကားလုံးကလေးများဖြင့် စပ်ဆိုထားလို့ အပိုအလိုမရှိ ထိမိလှတယ်။ မင်းသားကစာအရေးကောင်းတယ်။ စိတ်ကူးလဲကောင်းတယ်။ သီချင်းစာသားတွေကလဲအလွန်လှတယ်။ ဒီပတ်ပျိုးထဲက ‘ရွှေပြည်တော်မျော်တိုင်းဝေး’၊ ‘တဆင်းတက်သော်တတောင်ကျော်’၊’တမိုးသောက်လျင်တနေဝင်’၊ ‘စခန်းရောက်အောင်မြေ’ ဆိုတဲ့စာသားကိုယနေ့တိုင်အောင်ပင် စာရေးဆရာများက အသုံးပြုရတုန်းပဲ။
သဖြန်အချမှာ မလေးကုန်ချစ်တဲ့ မှုန်နှစ်ကယ်လေး လို့ဆိုထားတာ ကြင်ယာတော်ရွှေကူမင်းသမီးကို ရည်ညွှန်းစပ်ထားတာ။ ရွှေကူမင်းသမီးက မင်းသားကြီးထက် အသက်တစ်နှစ်ကြီးတယ်လေ။ပုခန်းမင်းသားနဲ့ရွှေကူမင်းသမီးတို့မောင်နှံ တစ်လသာခြားပြီး ရှေ့ဆင့်နောက်ဆင့် ကံကုန်တော်မူတယ်။ သပြေပင်နန်း။ ရေယဉ်စမ်းငယ်နှင့်၊ စခမ်းရောက် အောင်မြေ သို့နှစ်ကိုယ်စံရန်ဖန်သွားကြဟန်တူပါတယ်။
Download

No comments:
Post a Comment
Note: Only a member of this blog may post a comment.