ရေးသူ – မြဝတီမင်းကြီးဦးစ
အဆို – ရီရီသန့်
အတီး – ဦးရည်နွယ်
သီချင်းအမျိုးအစား – ဘုန်းတော်ဘွဲ့ သန်းကောင်သီချင်းခံ
(ရွှေဘိုမင်းလက်ထက် မြဝတီဝန်ကြီး)
(ထောင်ရောင်နေကသာ ရွှေဘုန်းဝင်း။ ညွှတ်ခလာ ရာမင်းမင်း)၂။ ဘွေသီဟာမြင့်မှာ ဖြာညီးလင်း၊ ဖြန့်ရှစ်ဆိုင် ကာထီးစင်း)၂။(ဇေယျာသံကျူး၊ညှင်းလို့လို့ မြွက်သာကြည်)၂။ (ကျွန်းလေးမည်ငယ်ကို၊စိုးသည့်ဥက္ကဌ်)၂။ ကောင်းညွန့်ငယ်နေဇာ၊ရှစ်ဗြဟ္မာ၊လကျာ်သင်္ခ၊မြတ်သည်သာနှင့်လေး။ ကောင်းညွန့်ငယ်နေဇာ၊ရှစ်ဗြဟ္မာ၊လကျာ်ရှစ်ဗြဟ္မာ၊(လကျာ်သင်္ခ၊ လကျာ်သင်္ခ)၂။ မြတ်သည်သာနှင့်လေး။ ရေဖျန်းစံ၊ ရွေညီလာ၊ဖူးပွင့်စုံစွာ၊ ဆယ်ဖြာတည့်လန်းလန်း၊ပြည်ပြည်ထောင် တိုင်းခန်းက၊ ရှိပန်းဆင်လာ၊ရွှေမြေ အောင်ချာ၊ သည်သာဘုန်းပွင့်စီ၊ အမရရွှေဘုံပြည်၊ အနန်းနန်းက၊ သိန်းသန်းရောင်ခြည်၊ မှောင်မလည်၊ စံတည်စံကျွန်း၊ တထိန်ထိန်၊ ဖလ်ရှိန်စိန်ရောင်၊ ဝန်းလို့လို့၊ ထွန်းလျှံဖြာညီးပင်။ ဘယ်ရာဝင်မှသာ၊ ပုံပြင်တူနှုန်းနန်း၊ ဘုန်းကြိုင်လှိုင်လန်း၊ ဒီပါအောင်ခန်း၊ သိမ်းမြန်းစိုးယူ၊ ရှင်လူတည့်ငြိမ်းအေး၊ ကြေညာသင်းပျံ့မွှေး၊ သာနွှေးလွယ်ကာ၊ မျက်မြွာရွှန်းတင့်၊ မြတ်ရိန္ဒမာ၊ စကြာနှင့်သာ၊ အာကာပျံနင်း၊ ဆင်မင်းစိုးရ၊ လွှမ်းမိုးလွှမ်းမိုး၊ တေဇာတေဇာ၊ ခွန်သွင်းထံရင်း၊ ပုံလှာစုံစွာ၊ သိင်္ဂါရွှေသား၊ သိကြားဆက်သ၊ ရံရွေသော်တာ၊ ခြယ်လှယ်စီကာ၊ စံဆောင်ဘုံမှာ၊ သူဇာတည့်ပုံနှုန်းထား၊ ပုံနှုန်းထား၊ ယဉ်မူရာသား၊ များအများလှိုင်၊ ဘယ်တူပါနိုင်၊ သွန်းမြိုင်၊ ရွာပြိုင် ဆော်နှိုး၊ ဘုန်းသီတာမိုး၊ ကန်ဆည်လျှံဖြိုး၊ သီးမျိုးစုံစွာ၊ မာလာတည့် သောင်းသောင်း၊ ခြွေရံများနှင့်ရုံးပေါင်း ရုံးပေါင်း၊ ခက်ဖြာညွန့်ရှင်၊ စုံစုံလင်လင်စည်ပင်ပွားလို့၊ နတ်လူသာကြည်၊ စုရည်ဆက်ကာပန်း၊ ကျိပ်မာရင့်မုံ၊ ရွှေဖဝါးစက်တော်စုံငယ်ကိုလေး၊ ရွှေဘုံသာခန်း၊ စိန်ကြောင်လေ မှန်နန်းမှာ။
ထောင်ရောင်နေကသာ(4shared)
ထောင်ရောင်နေကောင်းသာ(mediafire)

ထောင်ရောင်နေကသာ
ဘုန်းတော်ဘွဲ့ သန်းကောင်သီချင်းခံ

No comments:
Post a Comment
Note: Only a member of this blog may post a comment.