Sunday, December 2, 2012

စက်လဲပျော်ပါနိုင်

ရေးသူ – မြဝတီမင်းကြီးဦးစ

သီချင်းအမျိုးအစား – အီနောင်ဇာတ်ထွက်ယိုးဒယား

အဆို – ဝင်းဦး

အတီး – အော်ဂင် တင်ဝင်းလှိုင်၊ စန္ဒယား အေဝမ်းခင်မောင်



စက်လဲပျော်ပါနိုင်

အီနောင်ဇာတ်ထွက်ယိုးဒယား

(မြဝတီမင်းကြီး)

စက်လဲပျော်ပါနိုင်၊ နန်းပင်တိုင်ကြော့၊ ကြာရံလယ်၊ ယဉ်ရွေလုံ့၊ ရွှေကေသီ၊ စုံညီပျော်ပါး၊ ရွေဝန်းလျား။ မြယွန်းသန်းယံကျော်၊ နန်းဗဟို၇်ဆော်လဲ၊ ပျော်ပဲသား။ ဘယ်ဆီမှာ၊ ဘယ်ဘုန်းအား၊ ပြောတော်ငြား၊ ရှာလိမ့်မယ်၊ သူ့တိုင်းကြော့ ကာလံဝယ်၊ လွှမ်းတာကြွယ်လို့၊ ပူနယ်ပွား။ ဘယ်ဆီမှာ ဘယ်ဘုန်းအား၊ ပျော်တော်ငြား ရှာလိမ့်မယ်၊ သူ့တိုင်းကြော့ကာလံဝယ်၊ လွှမ်းတာကြွယ်လို့၊ ပူနယ်ပွား။    ။

မြန်မာသီချင်းကြီးတွေကို စောင်း၊ ပတ္တလား၊ နှဲ ဆိုင်း တို့နဲ့ တီးခတ်ရာကနေ အနောက်တိုင်းတူရိယာတွေဖြစ်တဲ့ စန္ဒယား၊ တယောတို့နဲ့ ပြောင်းလဲတီးခတ်လာကြတယ်။ ဒါအပြင် မယ်ဒလင်၊ ဘင်ဂျို၊ ဂီတာ၊ လက်ဆွဲဘာဂျာ တို့နဲ့လဲ တီးခတ်ခဲ့ကြတယ်။ ခေတ်ကာလပြောင်းလဲလာတော့ မြန်မာ့နားနဲ့ကိုက်ညီတဲ့ တူရိယာတွေသာကျန်ခဲ့တယ်။ electornic organ တွေစဝင်လာတော့ organ နဲ့မဟာဂီတတွေ တီးကြည့်ရင် ဘယ်လိုနေမလဲဆိုပြီးတော့ အဆိုတော်ကြီးဝင်းဦး နဲ့ စန္ဒယားတင်ဝင်းလှိုင် တို့က သီချင်းကြီးတွေကို organ ပေါ်တင်ကြည့်ကြတယ်။ organတူရိယာကိုပဲ ယူပြီးတော့ အသံအတွဲအဖက် အယူအဆတွေကတာ့ မြန်မာ့မူမှန် မြန်မာ့အသံတွေပါပဲ။ နားထောင်ရတာမဆိုးပေ မယ့် မြန်မာ့နားနဲ့တော့သိပ်ကိုက်ညီပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲကလေး အဖြစ်နားဆင်ကြည့်ပါ။

စက်လဲပျော်ပါနိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.