ရေးသူ-အမည်မသိ
ဆိုသူ – နှင်းရည်သန့် – စိန်စိန်မြိုင် + အေဝမ်းတင်တင်လှ
သီချင်းအမျိုးအစား – ဆင်ခင်းကြိုး
ပြောင်ပြောင်ပြောင် နာဂိန်၊ စွယ်စွယ်စွယ်ရောင်ရှိန်၊ (ရဲဘုန်းပန်း၊ ပွဲလုံးလန်း၊ မှန်နန်းညွန့်ဘူမိန်)၂။ (ရွှေဥတိန် စက်ရှိန်ပေးနှင်း၊ ဘယ်ဘယ်ရန်တိုက် လှန်ဝေးရှင်း) ၂။ (လေးကျွန်းစကြာ၊ လက်လကျာ် လှည့်ပါလို့၊ လိုလိုတော်ပြည့်ပါတဲ့၊ အောင်ပွဲတော်ခံ၊ သြဘာသံကြူကြူနှင့်၊ နတ်လူသံ ငြိမ့်ညောင်းအောင်၊ သောင်းမြေမြင့်ပေါ်မှာကိုလေ၊ မဟာအမရရွှေနန်းပေါ်)၂။ သက်တော်ရာကျော် ရှည်မည်ရေး၊ ဘုန်းဘုန်းတော် ထွန်းပါလို့၊ ကျွန်းဇမ္ဗူမြေ၊ ခွန်ယူလေပိုင်းသိမ်း၊ ငြိမ်းရေသို့၊ အေးတယ်ကိုလေး။ ။(နိုင်ငံတော်မူမှ)
ကြိုးသီချင်းတွေ နည်းနေလို့ ကြိုးသီချင်းတင်ပေးလိုက်ပါတယ်။ ဒီကြိုးသီချင်းကဂီတပညာရှင်တွေ အထူးသဖြင့် ဆိုင်းပညာရှင်တွေ အထူးကျက်မှတ်ရတယ်လို့ စာအုပ်တွေထဲမှာ မှတ်သားဘူးပါတယ်။ အချို့စာအုပ်တွေမှာတော့ ဆင်မင်းကြိုးလို့ ပြောပါတယ်။မူ ဟန်သွယ်သွယ်နားဆင်ရအောင် စောင်း၊ ဆိုင်း နှစ်မျိုးစလုံး တင်ပေးထားပါတယ်။
Download
ပြောင်ပြောင်ပြောင် နာဂိန် (စိန်စိန်မြိုင်+အေဝမ်းတင်တင်လှ)
ပြောင်ပြောင်ပြောင် နာဂိန် (နှင်းရည်သန့်)

ဆင်ခင်းကြိုး

No comments:
Post a Comment
Note: Only a member of this blog may post a comment.