Saturday, May 25, 2013

မှတ်ပုံတင်ထဲ က နံမည် မှတ်ပုံတင်

 မြန်မာ့ ၇ုပ်၇ှင် သမိုင်း တွင် ဟာသ သ၇ုပ်ဆောင် ဖိုးပါကြီး 
ကို လူတွေ မမေ့ သေး ဟုထင်ပါသည်။ 
 အလွန်တော် ပြီး လူကြိုက်များသော သူဖြစ်သည် … 
သူ့ ဇနီး မှာ ဒေါ်မေချစ် ဖြစ်သည် ..
ထိုစဉ် အခါက အေ၀မ်း၇ုပ်၇ှင် မှ သူတို့ တိုက်ထွက်မင်းသမီးများ 
ကိုေ၇ှ့တွင် မေတပ်ပြီး နံမည်ပေးလေ့ ၇ှိ သည် .. မေချစ် .
                            .မေသစ် ..မေ၇ှင်.. မေနွဲ့  .မေသန်း ..စသဖြင့် မေတွေ များ လှသည်..

ဒေါ်မေချစ်ကြီး မှာ စိတ်မြန်လူ မြန် ၇ှိ လှ သည် .. 
တနေ့ သူတို့ အိမ်တွင် ကားမောင်း၇န် နယ် မှ ကောင်လေး 
တယောက် ကို ခေါ်လာသည် ..ထိုကောင်လေး မှာ မှတ်ပုံတင် 
မလုပ်၇သေး ..သူ့ နံ မည်ကလေး တောဓလေ့ အတိုင်း 
တိ၇ိစ္ဆာန် နံမည် ဖြစ်နေသဖြင့် .. မှတ်ပုံတင်လုပ်သော 
အခါ ပေး၇န် နံ မည် တခု လိုနေတော့ သည်..
ဒေါ်မေချစ်က စိတ်မြန်လူမြန်ဆို တော့ ..လွယ်လွယ်
ကောက်ေ၇းခိုင်းလိုက်သည် ..မှတ်ပုံတင် ..ဟု ..
မှတ်ပုံတင်ထဲ မှ ပထမ ဆုးံ သော လူနံ မည် .
မှတ်ပုံတင် ဖြစ်တော့ သည် .. အခုဆို၇င် ဦးမှတ်ပုံတင်ပေါ့ ..
..
အိမ်ပြန်ေ၇ာက်သောအခါ .ဒေါ်မေချစ်ကမေးသည် .. 
ဟဲ့ နင် အိမ်ထောင်တွေ ဘာတွေ ၇ှိ သလား ..မ၇ှိ ပါ ဘူး ခင် ဗျာ … 
ဒါဆို ၇ည်းစားသနာကော .. ဒါလည်း မ၇ှိ ပါဘူး ဟု
 ကောင်လေး ( မှတ်ပုံတင်) ကဖြေသည် ..
ကဲ ဒါဆို သူ့  ယူ ဟုဆိုကာ အနား၇ှိ အိမ်ဖေါ်ကောင်မလေး နှင့်

 ကောက်ပေးစားလိုက်သည် …အဲသလို လုပ်ချင်၇ာစွတ်လုပ်တတ်သူပင် ….
..
တနေ့ ဒေါ်မေချစ် က ဘဘ ဘိုကလေးတင့်အောင် ကို လာခေါ်သည် .. 

အကိုလေး ကျမနဲ့ ခဏလိုက်ခဲ့ စမ်းပါ ..
အေး အေး ဟုဆိုကာ ဘိုကလေးတင့်အောင် ကကားပေါ်တက် 

လိုက်သွားသည် ..တလမ်းလုံး ဘာမှ လဲ မပြောပဲ နှင့်
 မြောက်ဥက္ကလာဘက်ေ၇ာက်သော ခါ အိမ် တအိမ်ေ၇ှ့ တွင် ၇ပ်ပြီး
 အော်ဟစ်၇န်တွေ့ တော့ မှ ..ဖိုးပါကြီး၏ အငယ် အိမ်
 ဖြစ်မှန်းသိ၇သည် ..ဘဘ က ချော့မော့ ပြန်ခေါ်လာ၇သည်..
..
နောင်သူတို့ အိမ်ထောင်ေ၇း အဆင်မပြေဖြစ်၍ လမ်းခွဲ ၇သောအခါ ..

သားလေး ( ဇေယျာ ) မှာ အလွန်သနားစ၇ာကောင်းသဖြင့် ဘဘက 
မဟေသီ မဂ္ဂဇင်းတွင် ထိုအကြောင်းကို အခန်းဆက်ေ၇းဘူးသည်.
.ဆောင်းပါးနံ့မည်တော့ သေချာမမှတ်မိတော့ ..
ပွင့်သောပန်းတိုင်းလန်းစေချင် ဆိုလား မသိ..
..
ဟိုတလောက ကျနော့ တပည့် တယောက် အိမ်ထောင်ေ၇း အဆင်မပြေ

 ဖြစ်သံ ကြား၇သည် ..ကာယကံ၇ှင်တွေ ဘယ်လိုနေမည်မသိသော် 
လည်း ကျနော့ မှာ စိတ်မချမ်းသာ ..သူတို့ ကလေး တွေ 
မျက်နှာ မြင် မြင်နေမိလို့ ဖြစ်သည် ....
...
ထူးထူးဆန်းဆန်း နံမည်နှင့် ပတ်သက် လို့ မှတ်မိတာ ၇ှိသေးသည် ….
..
တခါက စင်္ကာပူတွင် ကွန်ဒိုခန်းတခု ကို ကျနော် တို့ လင်မယားခဏ 

ငှားနေကြသည် ..မကြာခင်ပဲ .. ဘေးခန်းမှ ဦးလေး တယောက် နှင့်
 ခင်မင်သွားသည် .. သူနံ မည်ကလဲ ထူးထူး ဆန်းဆန်း ဗျာ ဦးေ၇ွမျည်း တဲ. 
မ ယပင့်ညသတ် မျည်း ဖြစ်သည်..ဟို တိ၇ိစ္ဆာန် မြင်း မဟုတ် ..သူက 
တခြားဟုတ်ပါ၇ိုး လား Hip-Hop အဆိုတော် ကြက်ဖ ၏အဖေတည်း ..

No comments:

Post a Comment

Note: Only a member of this blog may post a comment.