Saturday, December 1, 2012

ဂီတသီချင်းနားတော်သွင်း


အဆိုတော်တင်တင်မြသီဆိုထားတာပါ။

ဂီတသီချင်းနားတော်သွင်း   


သန်းယံသာကျူးပါတော့

အဆိုတော်ကြီး မာမာအေး ရဲ့အဆိုပါ။ ဒီသီချင်းကတော့ အီနောင်ဇာတ်ထွက် ပတ်ပျိုး မြဝတီမင်းကြီးရေးစပ် ခဲ့တာပါ။

Download


ဂန္တမာတောင်

ဒီတခါတော့ အဆိုတော်ကြီးသုမောင် ရဲ့ဂန္တမာတောင်ဘွဲ့သီချင်းပါ။
ဆိုကွက်တော်တော်ကောင်းပါတယ်။

ဒေါင်းရန်


ချစ်သမျှကို

အလင်္ကာကျော်စွာစောင်းဦးဘသန်း နဲ့ အဆိုတော်ကြီးဝင်းဦး ပါ။ အပြန်အလန် စကားပြောလေးလဲ ပါပါတယ်။ ဒီသီချင်း က ပတ်ပျိုး အမျိုးအစားပါ။ ကုန်းဘောင်ခေတ် သာယာဝတီမင်းရဲ့ အနောက်နန်းမိဘုရား မမြကလေး စပ်ဆိုခဲ့တာလို့ အမှတ်အသားရှိပါတယ်။

ဒေါင်းရန်


အတိုင်းမသိ

ဒီတခါတော့ အတိုင်းမသိမင်္ဂလာသြဘာ အခါတော်ပေး ဘွဲ့သီချင်းပါ။ မင်္ဂလာဆောင်အခမ်းအနားတိုင်းမှာ မပါမဖြစ် မင်္ဂလာသြဘာ တေး သီချင်းတစ်ပုဒ်ပါ။ အဆိုတော်ကြီးရီရီသန့်နင့်အတူ စောင်းဦးမြင့်မောင်(အင်းလေး) တီးခတ်ပေးထားပါတယ်။

အတိုင်းမသိ


တောင်တောသာယာ

ဒီတခါတော့ အဆိုတော်ကြီး ဝင်းဦး ဆိုထားတဲ့ ယိုးဒယားသီချင်းပါ။ ပြောချင်တာကတော့နောက်ခံ ပုလွေအတီး ကိုသေ သေခြာခြာ နားထောင်ကြည့်စေချင်ပါတယ်။ အခုခေတ်ကချစ်ကြိုက်သီချင်း တွေပဲများတယ်။ တောတောင်သဘာဝသီချင်း မရှိသလောက်ရှားတယ်။ ဒီမဟာဂီတသီချင်းကိုနားထောင်ပြီး ဒီသီချင်းထဲမှာ ပန်းဘယ်နှမျိုး ပါသလဲဆိုတာ လည်းရေတွက်ခံစား ကြည့်ပါ။

ဒေါင်းရန်


သြဒိဿမေတ္တာ

ဒီတခါတော့ ရှားပါး သီချင်းလေးပါ။ အဆိုရှင်ကတော့ မူမူခင်ပါ။ အခုခေတ် လူငယ်တွေမသိလောက်တော့ဘူး။ အဆိုနဲ့အတီး အပေးအယူ မျှတ မှုကိုနားဆင်ရမှာပါ။ သီချင်းအမျိုးအစားကတော့ ရေခင်းသံ ပါ။

ဒေါင်းရန်


သည်ဆောင်းဟေမာန်

ဒီတခါတော့ ဆောင်းတွင်းမှာ ချမ်းချမ်းစီးစီး နားအရသာခံ ဖို့ ဘွဲ့သီချင်းတစ်ပိုဒ် share လိုက်ပါတယ်။ အင်းလေးဦးမြင့်မောင် အတီးနဲ့ (ဒေါ်)ရီရီသန့် အဆိုပါ။ ဒီသီချင်းကတော့ မြဝတီမင်းကြီးဦးစ ရေးစပ်ခဲ့တဲ့ သဇင်ပန်းဖွဲ့လေးပါ။ နားဆင်ကြည့်ပါ။

သည်ဆောင်းဟေမာန်

No comments:

Post a Comment

Note: Only a member of this blog may post a comment.