လေးထွေသံကပ် ဆိုတာက စောင်းအခေါ် လေးပေါက်အောက်ပြန်သံ နဲ့ တီးရပြီး
အဆိုအတီး အသံကပ်၊ အသံခက် တဲ့အတွက် သံကပ်လို့ခေါ်တာပါ။ အဆိုတော်ကြီး
ဒေါ်တင်တင်မြ ဆိုပြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်းက
စောင်းနဲ့တီးခတ်ပေးထားပါတယ်။ ရွေညီလာက လေးထွေသံကပ် ဖြစ်ပြီး
မြန်မြေနယ်ကတော့ မြင်းခင်းပါ။ ဒီသီချင်း ၂ ပုဒ်လုံးကို
ဘယ်သူရေးစပ်ခဲ့လဲဆိုတာ မဟာဂီတစာအုပ်တွေမှာ မဖော်ပြထားပေမယ့်
မြန်မြေနယ်ကိုတော့ မြဝတီမင်းကြီးရေးစပ် ခဲ့တာဖြစ်နိုင်ကြောင်း
နိုင်ငံတော်မူမဟာဂီတမှာ ဖော်ပြထားပါတယ်။
ရွေညီလာ ကြာယွန်းဝယ်ပ၊ ရွှေဖီညှာ ခါကျွန်းနယ်က၊ ဆက်ပါ့မယ်လေ သာညွှန်းလွယ်ရလေ။ ။ သက်ထက်ကယ် ကြူးပါသည့်၊ ကြော့မှူးကေသီ၊ ဘုန်းမယ်ရို့ဆီ။ ။ ဝေရီရီဆင်တိုင်းထွေလှ။ လေချီချီသင်တိုင်းမြေခ၊ ထက်စည်ကျံကျံ-သံညှင်းဝယ်ပလေး။ ။ တင်ဆင်ရမည် ကြိုင်ဧ။ ဆွတ်ကြွေးရေး။ ။ သည်သည်နှင့်သာ။ တန်လေစေ၊ ခုဘန်တော်ထွေ။ ။ ရေမြေဒီပါဘွေ၊ စက်ရွှေဖြန့်ကာ၊ ဘယ်နန်း ညာနေသူ့ဘက်ရှင်းဝေး၊။ ။ စိန့်လေးငယ် ညာမော်။ ကြွေးရင်ရင့် သန်းယံကျော်။ ပူဘော်ရွှေစောင်း။ ပျောင်းလို့ဖြေမပျော်။ ညှိုးလျော်တည့်ခွေနွမ်းဆွေး။ ။ သဇင်ခွာပြာသင်းတယ်ပလေ။ ။ တသွင်မာယာမင်းမယ်ကလေး၊ ညှင်းညံ့ညံ့ လေပြည်၊ မဆည်တို့နိုင်သေး၊ ထင်ယောင်တရေးရေး။ ။ ဆိုဆိုတင် မေးသည်နှင့်။ ငှက်ကျေးငယ်ဖေါ်နှော၊ မယ်လျစော၊ ဥသြတွံသံသာ။ ။ မြတ်မှာတော်ထူးပါထင့်။ ဖူးရွှေညဥ့်ခြုံငယ်မှာ၊ သဉ်ဘုံသာရှုစားမိလေ။ ။ သောင်းရွေလုံးမှူးငယ်က၊ ဘန်ကူးငယ်လွမ်းရာ၊ မြင်တော်လာသားငယ်နှင့်လေး။ ။ ပွားကြောင်း။ များကြောင်း-ထွေ။
မြန်-မြေ-နယ်-ဇမ္ဗူဘောင်။ လျှံ-ဝေ-ခြယ်-ခြူအရောင်။ သွန်းသွန်းလင်း။ ရွှန်းရွှန်းဝင်း။ နတ်မြင်းဗွေ-တိမ်ယံပျော်။ ။ ညာမော်ပြိုင်ဘော် ကင်းဝေး။ ။ခွာသံမြေလျှံ သောင်းလုံးကျေး။ စံရွှင်-နန်းစဉ်ပျော်ရေး။ သက်တော်ရာကျော်ကြူးဧ။ ။ စာမရီသို့၊ ထူးမခြား။ ။ နတ်မြင်းပျံသို့။ မြူးကြွားကြွား။ ။ တွေးမှား။ တွေးမှား ပင်။ ။ ရွှေစဉ်လျှံလက်။ ဇမ္ဗူလှော်ကိုးမျက်ကယ်နှင့်လေး။ဥက္ခက်ကယ်စိန်စီ။ ပတ္တမြားက သိဂီ်။ ။ ရောင်နီလေ၊ ဇက်သုံးဇက်သုံး။ စီးနင်းခတောင်တော်ငယ်မှာ။ တိမ်ပေါ်နတ်လှနှုန်း။ ။ ရောင်နီလေ-ရောင်နီလေ-ရောင်နီဇက်သုံး။ စီးနင်းခတောင်တော် ငယ်မှာ။ တိမ်ပေါ်နတ်လှနှုန်း။ ကျွန်းပတ်ကုံး။ ထွန်းလျှပ်ဘုန်း။ မြင်သူတွေးဘွယ်သာ။ ။ ဣန္ဒာရိုးကြမှတ်ထင်သော။ ။ ကွန့်မြူးပျံကြွ-နတ်သိန္ဓော။ ။ တွေးမော-တွေးမော ပင်။ ။ စန္ဒရာယှက်-စီးပုံပြင်။ မြင်သူမြင်သူ ချီးအံ့အဲ။ မြင်းရေးဟန်လှနွှဲပါလို့။ အဲမောင်းဝေမြိုင် မြိုင်လေတည့်။ သိကြား တန်ဆောင်ကိုင်။
Download
- လေးထွေသံကပ် နှင့် မြင်းခင်း ( 4 shared)
- လေးထွေသံကပ် နှင့် မြင်းခင်း (mediafire)
ရွေညီလာ လေးထွေသံကပ်
(ဂီတဝိသောဓနီမူ)

စန္ဒရာယှက် မြင်းစီးပုံနှင့် သိကြားတန်ဆောင်ကိုင်ဟန် အဲမောင်းရေးဘွဲ့။

No comments:
Post a Comment
Note: Only a member of this blog may post a comment.