Wednesday, May 22, 2013

တေးရေးဆရာများ၏ အထုပတ္တိ ( ၃ )

နန်းတော်ရှေ့ ဆရာတင်


နန်းတော်ရှေ့ ဆရာတင်

ငယ်နာမည် မှာ မောင်မောင်တင်ဖြစ်သည်။ ဖခင် ဖြစ်သူမှာမြို့စာရေးဦးမှန် ဖြစ်၍ မိခင်ဖြစ်သူမှာ
ဒေါ်မမ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ခရစ်နှစ် ၁၈၉၄ ခုနှစ် တွင်ဖွားမြင်သည်။
လူထုဒေါ်အမာ ရေးသားသည့် ပြည်သူချစ်သော အနုပညာ သည်များစအုပ်တွင် မန္တလေး မြို့အရှေ့ပြင်၊
စကျင်ဝ အရပ်၌ မွေးသည် ဟု ဆိုသော်လည်း ဦးသော်ဇင် ရေးသည့် နန်းတော်ရှေ့ဆရာတင် စာအုပ်တွင်
ကြည့်မြင့်တိုင် ထီးတန်း ရပ်တွင် မွေးသည်ဟု ဆိုပါသည်။ ငယ်စဉ် က ၀က်စလီ ကျောင်း ၌ ပညာသင်ယူခဲ့သည်။
(၇) တန်းအထိသာ သင်ယူခဲ့သည်။ ၀န်စာရေးဦးကြီး မှာ ဆရာတင်၏ ဦးလေး (အဖမျိုးရိုး) ဖြစ်သည်။ကွန်ပေါင်ဒါ
ခေါ် ဆေးစပ်သူ၊ ပတ္တလား ဆရာ၊အငြိမ့်တီးဝိုင်းအဖွဲ ခေါင်းဆောင်၊အငြိမ့် သီချင်း ရေးဆရာ ၊ဓတ်ပြား သီချင်းရေးဆရာ ၊
အငြိမ့်ထောင်ဆရာ၊စန္ဒရား ဆရာ ၊အဆိုတော်၊ဇတ်ထောင်ဆရာ ၊ ဇတ်မင်းသားကြီး၊ရုပ်စုံသဘင် သီချင်းရေးဆရာ ၊
ရုပ်သေး မင်းသမီး၊ရာဇ၀တ်အုပ်၊အသံတိတ်ရုပ်ရှင် သီချင်းရေးဆရာ စသည့် အလုပ်အကိုင်းများလုပ်ကိုင်ခဲ့သည်။
နန်းတော်ရှေ့ ဆရာတင် ဟု ထင်ပေါ်စေသည့်သီချင်းမှာ အငြိမ့် မင်းသမီး ယုဇန အေးစိန် အတွက် ရေးပေးခဲ့သည့်
(မယ်အေးလေးက ပို့တဲ့မေတ္တာ) သီချင်း ဖြစ်ပါသည်။၎င်း သီချင်းကို အသက် (၂၂)နှစ်ခန့်က ရေးခဲ့ခြင်းဖြစ်သည်။
ဆရာတင်သည် အသက် (၂၀) မတိုင်ခင်ကပင် သီချင်းများစရေးခဲ့သည်။ အသက် (၅၅) နှစ် အရွယ် ခရစ်နှစ် ၁၉၄၉
ခုနှစ် တွင် ကွယ်လွန်ခဲ့သည် ဟု သတိရသည်။ ကွယ်လွန်ချိန်တွင် ဆရာ တင်သည် ဇနီး(၄) ယောက် (ဦးသော်ဇင် စာအုပ်
တွင် ၆ယောက်) နှင့် သားသမီး (၁၃) ယောက် ရှိခဲ့သည်။ ဇတ်သဘင်လောက ၌ ရွေမန်းညွန့်လှိုင်နှင့် ရွေနန်းတင် တို့ နှစ်
ဦးမှာ နန်းတော်ရှေ့ ၏ သားသမီးများဖြစ်ကြသည်။ဆရာတင်၏ သီချင်းများတွင် ရွှေမင်းဂံ၊သူဌေးဝါဒ၊ဆင်ကြီးဂဠုန်ချီ၊
ရွှေမိုးညို၊တောင်သမန်၊အလှူ၇ှင်၊ရွှေဘိုသူ၊ကျွဲမ သီချင်းများမှာ အထူးထင်ရှားသည်။

ရည်ညွန်းချက်
၁။ နန်းတော်ရှေ့ ဆရာတင် (ဦးသော်ဇင်)
၂။ ပြည်သူချစ်သော အနုပညာ ရှင်များ (လူထုဒေါ်အမာ)
၃။ ဇာတိမာန်တေး(မုံရွာ ၀င်းဖေ)
၎။ နန်းတော်ရှေ့ ဆရာတင်နှစ်တစ်ရာပြည့်( စစ်ကိုင်းလှရွှေ)ငွေတာရီ ၉/၉၄




ပုံ (၀၁) နန်းတော်ရှေ့ဆရာတင်ခေါင်းချသွားသည့် နန်းရှေ့ခင်မကန်တိုက်





ပုံ(၀၂) မန္တလေး အရှေ့ပြင်ခင်မကန်တိုက် ဆရာတော်ကြီးဦးသုမနကျောင်းတွင်ဆရာတင် အနိစ္စရောက်ရာနေရာလေး




ပုံ (၀၃) မန္တလေးအရှေ့ပြင် အုတ်စက်သင်္ချိုင်းမှ ဆရာတင်၏ အုတ်ဂူကလေး
(ယခုအခါ ဖျက်သိမ်းသဖြင့် မရှိတော့ပြီ)


ပုံ(၀၄) နန်းတော်ရှေ့ဆရာတင်၏ လက်ရေး

ဓါတ်ပုံများကို လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ မှ ကူးယူဖော်ပြသည်။

 

မြို့မငြိမ်း (၁၉၀၅ - ၁၉၅၅)

              အမည်ရင်းမှာ ဦးကျော်ငြိမ်း ဖြစ်သည်။ မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချင်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ခရစ်နှစ် ၁၉၀၉ ခု ၊ မြန်မာနှစ် ၁၂၇၀ ခုနှစ် ၊ တပေါင်းလဆန်း (၅)ရက် တနင်္လာနေ့တွင် မန္တလေးရွှေမြို့တွင် မွေးဖွားသည် ။ ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာပါခဲ့သည်။ စောင်းပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်းဦးမောင်မောင်ကြီးတို့ထံမှ ဆည်းပူးခဲ့လေသည်။ ၁၉၂၈ ခုနှစ်တွင် မြို့မတူရိယာအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဦးဆောင်ဖွဲ့စည်းသူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည် ။ ထိုအဖွဲ့သားအဖြစ်ဖြင့် အနောက်နိုင်ငံတူရိယာနည်းနှင့် တူရိယာသင်္ကေတပညာကို သင်ယူခဲ့သည်။ ၁၉၃၁ ခုနှစ်မှစ၍ သီချင်းများကိုရေးစပ်ရာ မြို့မငြိမ်းဆိုသော ဂီတစာဆို အမည်ကို ခံယူခဲ့လေသည်။ ထင်ရှားသောတေးသီချင်းများဖြစ်သည့် ချစ်တာပဓာန ၊ နှစ်ယောက်တည်းနေချင်တယ် ၊ နတ်ရှင်နောင် ၊ ပျို့မှာတမ်း ၊သက်ဝေ ၊ စစ်ကိုင်းတောင် ၊ မဲဇာရွှေလီ ၊ ပါရီတော် အပါအဝင် မြို့မငြိမ်းရေးခဲ့သော သီချင်းပေါင်း (၂၀၀)ခန့် ရှိသည် ။ သီချင်းရေးအတတ်ပညာတွင် သာမဟုတ် ပန်းချီ ၊ ပန်းပု ပညာရပ်တွင်လည်း ဝါသနာထုံလှသဖြင့် အလွန်ပင်လက်ရာမြောက်ခဲ့လေသည် ။ အသက် (၂၂)နှစ်တွင် မသန်းမေနှင့် အိမ်ထောင်ကျသည် ။ သားသမီး (၁၃)ယောက် ထွန်းကားခဲ့သည် ။

              ဆရာမြို့မငြိမ်းသည်  ရှေးသီချင်းများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီအဖွဲ့ဝင်တစ်ဦးဖြင့် လည်းကောင်း ၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ၊ ဆောင်ရွက်နေစဉ် ၁၉၅၅ ခုနှစ် စက်တင်ဘာ (၁၅) ရက်နေ့ တွင် ကွယ်လွန်သည် ။


No comments:

Post a Comment

Note: Only a member of this blog may post a comment.