စာပေ...ဂီတ.....ရုပ်ရှင်.....သဘင်...ပန်းချီ.....ပန်းပု...စသော..
မြန်မာ့..အနုပညာ နယ်ပယ် အသီးသီးတွင်...........
ဟင်္သာတသား..တို့...ထိုက်သင့်သလောက် ..ထွန်းတောက်ကြသည်...ဆိုသော်ငြား....
ဂီတ စင်မြင့်ထက်တွင်မူ.......အခြားနယ်ပယ် များထက်........
လင်းလက်သည့် ကြယ်ပွင့်များ...ထွန်းလင်း တောက်ပခဲ့ဘူးပါသည်။.
စစ်ကြိုခေတ်...ဒေါ်စိန်ပါတီ ...မှ...အစပြု၍....စစ်ပြီးခေတ်......ဓါတ်ပြားခေတ်...
ရေဒီယိုခေတ်....ကက်ဆက်တိတ်ခွေ ခေတ်....စီဒီဓါတ်ပြား ခေတ်..တိုင်အောင်...
အနုပညာ မိုးကောင်းကင် တွင်....ဟင်္သာတ ဂီတ ကြယ်ပွင့်တို့............
တစ်ပွင့် ပြီး တစ်ပွင့်...တလက်လက်...တောက်ပခဲ့ပါသည်။
စန္ဒယားချစ်ဆွေ ၊ ဟင်္သာတ စိန်လင်း ၊ မြင့်မြင့်စိန် ၊ မောင်မောင်ညွန့် ၊
ဟင်္သာတ အောင်တင်ဝင်း ၊ ဟသာင်္တထွန်းရင် .....မှသည်...........
အကော်ဒီယံ အုန်းကျော် ၊ မြစ်ဝကျွန်းပေါ် ဒင်္ဂါး ၊ စိမ်းမို့မို့ ၊
တက္ကသိုလ် ဇော်မင်းမင်း ၊ ကိုဝင်းသိန်း ၊ မောင်ဂဠုန် ၊ နိုင်ဦး ...အထိ....
ဟင်္သာမြေ...မှ...ဂီတ ကြယ်ပွင့်များ...လင်းလက် တောက်ပ ခဲ့ပါသည်။
.
စတီရီယို သီချင်းများ...စတင်... ခေတ်စားလာသော....
၁၉၇၀ ကျော်..ခုနှစ်များအတွင်း...ရှေးရိုးစွဲ ၀ါဒီများက..သရုပ်ပျက်တေးဂီတ...ဟူ၍..
အမြင် မကြည်မလင် ဖြစ်နေသော အချိန်တွင်....စတီရီယို...တေးသံစဉ်များကို.
.
.မြန်မာ့ဟန်...မြန်မာ့မူ မပျက်..တီထွင် တင်ဆက် ခဲ့သော..
.တေးသံရှင် တစ်ဦး...ဟင်္သာတမြေ မှ...ပေါ်ထွက်လာခဲ့ပါသည်။
.
♪♫♫♪ ရဝေ...ရဝေ.. ♪♫♫♪ ..အော်...မြိုင်စောင်း..မှာလ ♪♫♫♪
♪♫♫♪ ဥဒေါင်းတွေ...တွန်သံ..တွန်သံကြားရင်....♪♫♫♪
တေးသံရှင် မင်းအောင် ကို...အဘ ဦးသန်းညွန့် + အမိ ဒေါ်ခင်ခင်ဆွေ ..တို့မှ
၁၉၅၆ အောက်တိုဘာလ တွင် ဟင်္သာတ မြို့ တွင် မွေးဖွားခဲ့ပါသည်။
မွေးချင်း မောင်နှမ သုံးယောက် တွင်..အစ်ကို အကြီးဆုံး ဖြစ်ပြီး...ညီမ နှစ်ယောက်
ခင်နှင်းနှင်းသန်း ။ ခင်နိုင်နိုင်သန်း တို့ ဖြစ်ပါသည်။
.
မူလတန်း ပညာကို ..ဟင်္သာတမြို့ လက်သမားရပ် မူလတန်းကျောင်းတွင် သင်ကြားပြီး
အထက်တန်း ပညာကို ..ဟင်္သာတမြို့ အမှတ် ၄ အစိုးရ အထက်တန်း ကျောင်းတွင်
သင်ကြားခဲ့ပါသည်။
.
အနုပညာ ၀ါသနာအရ..ဟင်္သာတမြို့..ရှိ ခေတ်ပေါ်တေးဂီတ ၀ိုင်းများတွင်
တေးသီချင်းများ စတင် သီဆိုပြီး...ပထမဆုံး တေးစီးရီး ...ဖြစ်သော..
မင်းသားလေး လို လွမ်းပြမယ်....တေးစီးရီး ကို...
၁၉၇၆ ခုနှစ် ဇန်န၀ါရီ လ ၁၂ ရက် နေ့တွင် ...
အောင်ကိုလတ် နှင့် ညီအစ်ကိုများ တေးဂီတ အဖွဲ့ ( The Brother ‘s ) နှင့်
ဦးဘသိန်း စတူဒီယို တွင် အသံ သွင်းယူ ခဲ့ပါသည်။
အောင်ကိုလတ် ၏ ဇနီး ..တင်မိုးခိုင် ..နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်။
.
ဒုတိယ တေးစီးရီး ..အသည်းနွမ်းခေါ်သံ ( ရဝေ-ရဝေ ) ကို
၁၉၇၈ ခုနှစ်တွင် သွင်းယူ ခဲ့ပါသည်။
ဒုတိယ... အသည်းနွမ်းခေါ်သံ ( ရဝေ-ရဝေ ) ...စီးရီး မှ စပြီး
ဟင်္သာတမြို့ တေးသံသာ တေးသံသွင်း ဦးလှသွင် ၏ အဆက်အသွယ်ဖြင့်
ရန်ကုန် တေးပုလဲ ဦးဘမြင့် နှင့် တေးစီးရီး ဆယ်ခု စာချုပ် ချုပ်ဆို ထွက်ရှိခဲ့ပါသည်။
.
၁၉၇၉ ခုနှစ် ပလေးဘွှိုင် အဖွဲ့ နှင့် ဦးဘသိန်း စတူဒီယို တွင် အသံသွင်းခဲ့သော
လွမ်းစိတ် နဲ့ မျှော်နေမယ် ...စီးရီး မှာ..အကြောင်း အမျိုးမျိုးကြောင့်...မထုတ်ဖြစ်ခဲ့ပါ။
.
ပလေးဘွိုင် အဖွဲ့ မှ ကိုသိန်းတန် ခွဲထွက် လာပြီး နောက် ပထမဆုံး အနေနှင့်
နှစ်ပါးသွားလေး ကချင်ပြီ...စီးရီး ကို Love ..Peace & Joy ( L.P.J ) အမည် မမှည့်မှီ
တီးခတ် အသံသွင်းယူ ခဲ့ပါသည်။
.
အချစ်ရှေ့နေ ..တေးစီးရီး ကို.... Love ..Peace & Joy ( L.P.J ) နှင့်
တီးခတ် အသံသွင်းနေစဉ်....ရက်ကောဒင်း ဒိတ် အခက်အခဲကြောင့်...
Super Star တေးဂီတ အဖွဲ့ နှင့်ပါ...နှစ်ဖွဲ့ တီးခတ်...အသံသွင်းယူ ခဲ့သည်။
.
၁၉၇၉ နိုဝင်ဘာလ တွင် ...မခင်ငြိမ်းစိုး နှင့် လက်ထပ်ခဲ့သည်။
.
၁၉၈၁ တွင်...တေးပုလဲ ဦးဘမြင့် နှင့်...စာချုပ်ပြည့် ပြီးနောက်.......
ရန်ကုန်မြို့ ဘားလမ်း တွင်..မင်းသားလေး..တေးသံသွင်း ဆိုင် ဖွင့်လှစ်ပြီး
ပထမဆုံး....မြမျက်ရည်မိုး...တေးစီးရီး....ကို....
ဂီတမှုး ဒေါက်တာ အင်ဒရှုးကောင်း ..တေးဂီတ အဖွဲ့နှင့်...တီးခတ် ထုတ်လုပ် ခဲ့သည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.