Tuesday, December 11, 2012

မြမန်းဂီရိ (မူဟန်သွယ်သွယ်)

ဒီတစ်ခေါက်တော့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ယိုးဒယားသီချင်းလေး တစ်ပုဒ်တင်ပေးလိုက်ပါတယ်။ မြမန်းဂီရိယိုးဒယား သီချင်းကလေးက မဟာဂီတကျမ်းဝင် လူကြိုက်များတဲ့ သီချင်းလေးပါ။ အတီးအဆို အလွန်များပါတယ်။ မူဟန်သွယ်သွယ်နားဆင်ရအောင် စီစဉ်ပေးထားပါတယ်။



၁။ အဆိုတော်ကြီး ရီရီသန့် နှင့် ကိုကျော်ဆွေ- ရိုးရိုးစင်းစင်း ဆိုဟန်ကိုနားဆင်ရမှာပါ ။

၂။ အဆိုတော်ကြီး သုမောင်ရဲ့ မြမန်းဂီရိကတော့ မြူးမြူးကြွကြွ နားထောင်လို့ကောင်းပါတယ်။

၃။ အဆိုတော်ကြီး သိန်းတန်(မြန်မာပြည်) – သံဆန်းပုံစံ သီဆိုထားပြီး ” လှယဉ်ကျေး မခင်လေးတို့ရွှေဂုံသူ။ မောင်ထူကာတွဲမယ်ပ၊ နွဲကာယူ မင်းလိုက်တော်မူ” ညဥ့်ရုံတော်ထူး အလိုက်တေးသွားလေးကို ပဒေသာသဘော ဆက်ဆိုထားပါတယ်။ ဤသီချင်းကို မျှဝေပေးသော ညီငယ် ချမ်းမြေ့ ကိုအထူးကျေးဇူးတင်ရှိကြောင်း။

၎။ စန္ဒယားဦးရည်နွယ်ရဲ့ synthesize keyboard နဲ့ အလှည့်အပြောင်း ဆန်းသစ် တီးခတ်ထားတဲ့ မြမန်းဂီရိတီးလုံးလေး-နားအလှည့်အပြောင်းလေးပေါ့။ ဤသီချင်းကို မျှဝေပေးသော ဆရာရန်ဝင်း(တောင်တခါး)ကို အထူးကျေးဇူးတင်ရှိကြောင်း။

ဘုန်းတော်ဘွဲ့ ယိုးဒယား။

ရေးသူ-အမည်မသိစာဆို

(ဂီတဝိသောဓနီမူ)

မြမန်းဂီရိ သေလာတောင်။ နန်းတည်ထောင် ဘုန်းရောင်နေသို့လင်း နောင်ညီကို-ရွှေဘိုနွယ်တော်ရင်း။ ရာဆူဆူ-ပြည်သူခဝပ်စင်း။ရွှေဘုန်းတော်-နှုန်းလျော် စံပြောခင်း။ တေဇာတိုးလို့ဖြိုးဝေ။ မန်းဌာနေ အောင်ဇေယျာပြည်မင်း။    ။ ပြောင်လူးနာဂ ရုစာ။ သော်တာငွေလျှံ။ မျိုးမြတ်ဆဒ္ဒန်။ ရွှေနန်းဘုံတော်။ ရောက်ရာရွှေကိုယ်တော်။ ပြည်တော်နိုင်ငံ ရွှေဘုံတွင်း။ ဆန်းမူရာ သူဇာရွေခပင်း။ ရွှေဘုန်းတော် နှုန်းလျော် စံပျော်ခင်း။ တေဇာ တိုးလို့ ဖြိုးဝေ။ မန်းဌာနေ အောင်ဇေယျာ ပြည်မင်း။

Download

မြမန်းဂီရိ (ရီရီသန့်+ကိုကျော်ညွန့်)

မြမန်းဂီရိ (သုမောင်)

မြမန်းဂီရိ (မြန်မာပြည်သိန်းတန်)

မြမန်းဂီရိ (စန္ဒယား ဦးရည်နွယ်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.