Sunday, December 2, 2012

ပန်းညောင်လှိုင်ဘွဲ့

ရေးသူ – အမည်မသိ

အဆို – မြင့်မြင့်စိန်

သီချင်းအမျိုးအစား- ယိုးဒယား



ဒီသီချင်းက ရာမဇာတ်ထွက်ယိုးဒယားဖြစ်ပါတယ်။ မဟာဂီတလေ့လာလိုက်စားသူတွေ မြတ် မြတ်နိုးနိုး သီဆိုတီး မှုတ်တဲ့ သီချင်းတပုဒ်လဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး မြင့်မြင့်စိန်က သာသာယာယာ သီဆိုထားပါတယ်။

ရာမချိုး ယိုးဒယား သံဟောင်း။

(ဂီတဝိသောဓနီမူ)

ပန်းညောင်လှိုင်ဘွဲ့ဘွေဆိုင်။ ကေခိုင်ကုံးငယ်။ ခွေယိုင်နုံးတယ်။ သုံးရွေလယ်။ ဘုန်းမယ်ဒါရူ သည်းအူဗျာလှိုင်ကြွယ်။ ကျွမ်းလောင်ဘွယ်။ ကြံတယ်ဘန်တယ်ရေး။ လေနန်းလေနန်းဝေယန်။ သေဉ်လီဒေဝီ ဖြေဆီနိုင်တော့ရေး။ မှေးစက်ယောင် ကြာညောင်တွင်းဝယ်။ ငွေနှင်းကြိုင်ကြိုင် လေပြိုင်ဆော်ယူသွေး၊ ကြုံပြန်လာ၊ ထုံဂန္ဓာလဲ့။ ဟေမန်ဆောင်း။ ခါနွေပြောင်း၊ နှောင်းပင်တန် ရွှေလျှံငုံရည်ကင်း၊ မြိုင်မင်းမှော်ရုံစံတော်ဘွေ။ အိုလေ လောင်ကျွမ်းပူဗျာပွေ။ ကူမေညာနန်းလေသိ။ နန်းဝေယန် ဗိမာန်ဆောင်မြင့်ဦး။ ညာမယ်သက်ကယ်ပြေနိုင်ဘူး။ မူးခွေယိုင်ပူဗျာလှိုင်လေ့ ကေခိုင်ဘွား ထားဟန်ဉာဏ်ချယ်။ ဘုန်းသက်လယ် ကြံရွယ် မှိုင်မိမူး။ ကိုယ်ထူးဆိုယောင်ငိုယောင်သာ။   ။ အာကာနတ်နန်းဝေယန္တာ။ ဘန်လာဘယ်ရှေးကံသိ။ သိင်္ဃိုစံတိမ်ယံဆောင်ယူသွား။ ကြင်သူမြင်တော်မူလှဲ့လား။ ခါခါထွေဗျာပါဝေလို့။ ကေသာကုန်းငယ် ထုံးရွှေမှင်။ သုံးရွေ့ရင်နွဲ့ပင်ခွေယိမ်းမူး။  ။စိတ်သာရည်ရွယ်စူး။ သီခေါင်ရီမှောင်တောင်မြင့်ဦး။   ။

Download -

 ပန်းညောင်လှိုင်ဘွဲ (4shared)့

 ပန်းညောင်လှိုင်ဘွဲ (mediafire)

No comments:

Post a Comment

Note: Only a member of this blog may post a comment.