မြန်မာ့မဟာဂီတဝင် ရှားပါးကရင်သြသံကို တင်ပေးလိုက်ပါတယ်။ ဒီကရင်သြသံက
အခုနောက်ပိုင်းမှာ ဆိုတီးသံမကြားလောက်အောင်ကို ဖြစ်သွားပြီ။
ကရင်အမျိုးသားတို့ ဘာသာဘာဝ လူစုလူဝေးဖြင့် သီဆိုသော သြပွဲများမှ
သီချင်းသံတို့ကိုမှီ၍ ရေးစပ်ထားလို့ ကရင်သြသံလို့ခေါ်တာ။
အခုသီချင်း ၂ ပုဒ်တင်ပေးမယ်။
ပထမအပုဒ်က ကရင်သြသံစစ်စစ်၊
အဆိုရှင်ကတော့ သင်းသင်းမြတ်၊
အတီး -စန္ဒယား စစ်ကိုင်းလှရွှေ၊ နှဲ ဦးကျော်စိန်၊ ဒိုးတီး ဦးပန်းခင်၊ ပတ်မတီး ဦးဘိုစိန်၊ စည်းနဲ့ဝါး ဒေါ်ဟင်္သာကြည်
ဒီသီချင်းမှာ မြိုင်တန်းမှောင်ဝေကို တန်းမဆိုပဲ ဟိုတခိုမှာ၊သူတို့ဘာသာ အစချီ ခြေဆင်း ခင်းပြီး မြိုင်တန်းမှောင်ဝေ ကိုဆက်ဆိုထားပါတယ်။ စာသားကိုတော့ ဦးပြုံးချို မဟာဂီတပေါင်းချုပ်ကြီး မှယူပေးထားပါတယ်။ ဒီသီချင်း ကဂီတဝိသောဓနီမှာ မပါဘူး။
ဒုတိယသီချင်းက သုမောင်ဆိုထားတဲ့ တို့တောင်ယာတောကို တင်ပေးလိုက်တာ။ ဒီသီချင်း က ကရင်သြသံ ကိုမှီပြီး စပ်ထားတာ၊ မဟာဂီတကျမ်းဝင် သီချင်းမဟုတ်ဘူး။ ဒါပေမယ့်ကရင်သြသံပုံစံ ဖြစ်ပြီး၊ အသံသြသြနဲ့ မြူးမြူးကြွကြွဆိုထားတဲ့အတွက် နားထောင်လို့ကောင်းလို့ မျှဝေလိုက်တာပါ။ အတီးကတော့ မသိဘူး ဘယ်သူတွေလဲဆိုတာ၊ နားဆင်ခံစားပြီး မှတ်ချက်လေးတွေ ပေးနိုင်ပါတယ်။
မြိုင်တန်းမှောင်ဝေ-လေး၊ တောင်သေလာကြော၊ လွမ်းဖွယ်နှော၊ သာခွာပေါ၊ တို့တောင်ယာတောမှာ- လေး။ ။
ရှို့မီးထိန်လွင်လေး၊ ကွင်းပြင်လယ်ခင်း၊ ပျိုးစရာရှင်း ရိုးတာကန်သင်း၊ တို့တောင်သူ တို့တောင်သူ၊ တို့တောင်သူချင်းရယ်လေး။ ။
လောင်သင်း မြေကြူလေး၊ ရိုးကငူတန်း၊ တဲယာစခန်း၊ လှဲတာလမ်း လုပ်ကိုင်ရာ၊ တလင်းပြန့်ညီစွာ၊ လှေ့စင်မှာ သုံးချောင်းဆိုင်ကာ၊ မျိုးရိက္ခာလှမ်းတယ်လေး။ ။
တောတန်း တောင်ခြေလေး၊ ဝါးကြိမ်တွေကြော၊ သခွားဖရုံရော၊ စားမကုန်ပေါ၊ အိုလွန်သာမောဖွယ်လေး။ ။
ဖေါ်နှောစုံလင်လေး၊ နှစ်စဉ်ပျော်မြဲ၊ ရိုးကောက်ပွဲ၊ ဖြိုးမောက်ကဲ၊ ခြိမ့်သဲလို့ ဆူဆူငြာငြာ၊ အိုခေါင်အိုးနှင့် တောင်ရိုးဘာသာ၊ အစာရေစာပေါပေါ၊ တို့ဆီလွန်ဝပြောတယ်၊ အိုအိုယာတောလယ်။ ။
Download
မြိုင်တန်းမှောင်ဝေ-သင်းသင်းမြတ် (minus)
မြိုင်တန်းမှောင်ဝေ-သင်းသင်းမြတ် (mediafire)
တို့တောင်ယာတော-သုမောင် (minus)
တို့တောင်ယာတော-သုမောင် (mediafire)

ကရင်သြသံ
(ဦးပြုံးချို မဟာဂီတပေါင်းချုပ်မှ)

No comments:
Post a Comment
Note: Only a member of this blog may post a comment.