Saturday, September 28, 2013

မင်းကွန်းတိပိဋကဓရဆရာတော်ကြီး ဖြစ်တော်စဉ်ထေရုပ္ပတ္တိ





 မဟာဗြ ဟ္မေ လျှာကုဋေဖြင့် ဆန်းနေဂိုဏ်းညီ ဂါထာစီ၍ ကျူးချီမြွက်ဖော် ဆိုလှည့်သော်လည်း ဘုန်းတော်ကဲလွန် အ နေကန်ကို ဝေဖန်ချီးမြှောက် ပြီး မ ရောက်.....
ဘုန်းထေရာခေါင် ဇေယျာအောင်မြေအတွင်းဆီက သေလာမှောင်ချွေယွင်းပါလို့ ရံသင်းညီမျှ သညါလ စံရင်းဆီမှ ချီကြွ နဒီဧရာကြောကိုလေး ဟော...ပင့်ခဲ့ပြီ။ (မင်းကွန်းဆရာတော်ရေး လှေတော်သံ။ ကိုရင် ဘဝ က ရေးခဲ့ပါတယ်။)
ကိုးမျက်ရောင် ရှိန် ဝေ ဝေထိန်လျှမ်းပါဘိ ဗွေဝတိံနန်းဆီက မြန်းခုခါနော် ရှုဘုရားထေရ်မော် ပူဇော်ပုံထူးတယ်လေး ဦးတင် လို့ မျှော်...။ (မင်းကွန်းဆရာတော် ကိုရင် ဘဝ က ရေးတဲ့ ဘောလယ် ဖြစ်ပါတယ်။)
ကံနှင့်မသီ မြေ့အဆီနှင့် ရေသီတာငွေ့ ဥတုတွေ့ကြောင့် ဓ လေ့ပွင့်လန်း ဤကြာပန်းသို့ ညှိုးနွမ်းရင့်ကာ ကြွေကြပါအောင် ဇရာရန်ဘေး ရောက်တုံသေး၏ လေးရပ်ကြောင်းစု ပေါင်း၍ပြုသား နုဖပ် ရွှန်းစို ငါတို့ကိုယ်လည်း ထိုကြားပန်းသွင် တစ်နေ့တွင်၌ ရွေ့စင်လျှောကျ မြေသို့ခမည် မုချမချွတ်ပါတကား...။ (note = သံဝေဂလင်္ကာ = မင်းကွန်းဆရာတော်ကြီး ရေးတဲ့ နိုင် ငံတော်မဟာဗုဒ္ဓဝင် ထဲမှ လင်္ကာ တစ်စ )
ဆဋ္ဌသံဂါယနာတင်ကြ တော့ အခဲအကပ်ပြဿနာက သီဟိုဠ်ဘုန်းကြီးတွေနဲ့ပါ။သူရို့ကလည်း မြန်မာဘုန်းကြီးတွေဟာ ပါဠိလို မ ပြောတတ်ဘူး။မကျွမ်းကျင် မနိုင် နင်းဘူးဆိုပြီး အထင် မကြီးပါဘူး။မြန်မာဘုန်းကြီးတွေကလည်း သူရို့ကို အဘိဓမ္မာဘက်မှာ နှံ့စပ်မှုနည်းတယ်ဆိုပြီး အထင် မကြီးပါဘူး။ဒီလို ဂဏ္ဍိ (အဖုအထစ်) ဖြစ်နေကြတာကို ပဲ မင်းကွန်းဆရာတော်ကြီးကပဲ ဝင် ဝင်ပြီး သီဟိုဠ်ဆရာတော်တွေနားလည်အောင် ပါဠိလိုရှင်းပြ / မြန်မာဆရာတော်တွေနားလည်အောင် လည်း သီဟိုဠ်ဆရာတော်တွေရဲ့သ ဘောထားကို ရှင်းပြမှ ဒီ (ဂဏ္ဍိ) အဖုအထစ်က ပြေပါတယ်။သီဟိုဠ်ဆရာတော်များက မင်းကွန်းဆရာတော်ကြီးရဲ့ ရှင်းလင်းချက်တွေကို များစွာနှစ်ထောင်းတော်မူပြီး သည်လို ဥဒါန်း (ဝမ်းသာပီတိဖြစ်သဖြင့် နှုတ်ဖျားမှ အသံထွက်ကာ ကျူးရင့်ခြင်း) ကျူးတော်မူကြပါသတဲ့။ "ဧဒိသော လင်္ကာဒီပေပိ နတ္ထိ ဇမ္ဗူဒီပေပိ နတ္ထိ" (ဤအရှင် မျိုးကား ငါတို့ လင်္ကာဒီပကျွန်း = သီဟိုဠ် မှာလည်း မရှိဘူး။ ဇမ္ဗူဒိတ်ကျွန်းမှာလည်း ရှိအံ့မထင် ဘူးကွ ) ဟူသတတ်။ ။
မင်းကွန်းဆရာတော်ကြီးရဲ့ လက်လက် ရှိ ဥာဏ်ကောင်းပုံ တစ်ခု ပြောပါရ စေ။သူတရားဟောထွက်ခါနီးရင် ပစ္ဆာသမဏ (အနီးကပ်နေ ရဟန်း) က ဆရာတော်ကြီး နုတ်ထုတ်ထားတဲ့ စာရွက်တိုလေးကို ကပ် ရ ပါတယ်။အဲသည်တစ်ခါပဲကြည့်ပြီး နောက်တစ်ကြိမ်မ တောင်းတော့ပြီ။အနီးနေရဟန်းက ပေးရနိုးအံ့ထင် ထင်ပြီး ဆရာတော့်အရိပ်အကဲကို ကြည့်နေ ပေတဲ့ ထပ်မ တောင်းတော့။သည်လိုနဲ့တရားဟောရာ(ဓမ္မာသနပလ္လင်) ပေါ်တက်ပြီး ကရားရေလွှတ် ပါဠိတော် ရွတ်လိုက် / အနက်ပေးလိုက် / မြန်ပြန်လိုက် / ပါဠိတော်မူရင်းအပြင် သူကျင် လည် ကျက်စားခဲ့ရာ အခြားကျမ်းများနဲ့ ညှိညှိပြီး ဟောလိုက် တာဟာ ပစ္ဆာသမဏ ( အနီးနေရဟန်း) မှာ တရားဟောပုံကိုကြည့်ပြီး ပါးစပ် အ ဟောင်းသားနဲ့ အံ့သြခြင်းကြီးစွာ တရားပွဲတိုင်း တရားပွဲတိုင်း ဖြစ်မိပါသတဲ့။ဆရာတော်ရဲ့နုတ်က လေးကို နမူနာပြပါရ စေ။ဒီစာရွက်က လေးဟာ ဆရာတော်ကြီးရဲ့ ပစ္ဆာသမဏ (ဦးဇင်းစိန်နားကပ်ကြီး) ဆီက တစ်ဆင့် ရခဲ့တာပါ။
"တိံသ။ ။၇ - ဒကရက္ခသဇာတ် (ဥမင်္ဂ၍ထင် ရှားလတ္တံ့)
တိံသ။ ။၈ - ပဏ္ဍရနာဂရာဇဇာတ်
၁၀ / ၉ / ၃၄ (လက်ရွေးကြီး ဘောင် ပိုင်း)
ဝိကိဏ္ဏဝါစန္တိ ဣဒံ သက္ကာ ဇေတဝ နေ ဝိဟရ န္တော မုသာဝါဒံ ကတွာ ဒေဝဒတ္တဿ ပထဝိပ္ပ ဝေသနံ အာရဗ္ဘ က ထေသိ။ ။ (ရဟန်းတို့ ထိုစဉ် ဒေဝဒတ်၏ ကျေးဇူးမဲ့ကို ပြောဆိုနေကြစဉ်) ။ ။ န ဘိက္ခဝေ ဣဒါနေဝ ပုဗ္ဗေပိ ဒေဝဒ တ္တော မုသာဝါဒံ ကတွာ ပထဝိပ္ပ ဝိဋ္ဌောယေဝ။ ။ (မိန့် အတိတ်ဆောင်)-
၅။ ။ ဒဟရာပိဟိ မိယျန္တိ နရာစ အထ နာရိယော
တတ္ထကော ဝိဿသေ ပေါသော ဒဟ
ရောမှီတိ ဇီဝိတေ။
နရာစ = အမျိုးကောင်းသား မင်းယော်ျားတို့သည်လည်းကောင်း / နာရိယောစ = အမျိုးကောင်းသမီး မင်းမိန်းမတို့သည်လည်းကောင်း / ဒဟရာပိ = အသက်အရွယ် ငယ်ကြကုန်လျက်လည်း / မိယျန္တိ = စုတိပျက်ကြွေ သေလွန်ကြရ လေကုန်၏ / ကောပါသော = အဘယ်မည်သော အမျိုးကောင်းသား မင်းယောက်ျားသည် / ဒဟ ရောမှီတိ = ငါကား အသက်အရွယ်ငယ်တုံသေး၏ ဟု / တတ္ထဇီဝိတေ = ထိုမိမိအသက်၌ / ဝိဿသေ = စိတ်ချလက်ချ ကြောင့်ကြမ နေ အကျွမ်းဝင် ဝံ့ချေပါအံ့နည်း။"
အဲဒါ ကျွန်တော့်ဆီမှာ ရှိတဲ့ ဆရာတော်ကြီးရဲ့ လက်ရေးမူနုတ်။ဖတ်မိတိုင်း ဖတ်မိတိုင်း ဆရာတော်ကြီးကို ကြည်ညိုမဆုံးပါဘူးဗျာ။ ။
ဆရာတော်ကြီး ဆဋ္ဌသံဂါယနာတင်ပြီးကတည်းက တရားလှည့်လည် ဟောတာ မြန်မာမြည် ထက်အောက်တစ်နံတစ်လျားပါပဲ။ဆရာတော်ရဲ့ "မှတ်တမ်းဝင် တရားပွဲပေါင်း" ဟာ (၁၅၀၀၀) အထက်မှာ ရှိပါတယ်။ ၁ - နှစ်ကို (၃၆၅ - ရက်) ပျမ်းမျှ ရှိတယ်ဆိုကြပါစို့။တွက်ကြည့်ရင် နှစ်ပေါင်း ၄၀ ကျော် တစ် ရက်မနား တရားဟောခဲ့တယ်လို့ ဆိုရင် ရတန်ကောင်းပါရဲ့ဗျာ။ "လှည်းကြမ်းလည်းကြုံ လှေစုံလည်းထိုး ယာဉ်မျိုးညံ့ကောင်း လှည့်လည်ပြောင်းလျက် အ ကြောင်းလျော်စွာ ချိန်ခါမ ရွေး ပူအေးမမှု ကောင်းကျိုးပြုရန် အဓိဋ္ဌာန်ဖြင့် မြန်ပြည်အောက်ထက် ခရီးဆက်ခဲ့ပါတယ်။"
ငယ်ငယ်က "အဘိဏှရာဟုလောဝါဒသုတ်" ကို မမှတ်မိလွယ်တော့ ဆရာတော်ကြီး က တစ်ပုဒ်လုံးလည်းမှတ်မိအောင် သုတ် ရဲ့အဓိပ္ပာယ်လည်း မ ပျောက်အောင် ဒီလို လင်္ကာစီပေးခဲ့ပါတယ်။အဲသည်ကျမှပဲ မှတ်မိပါတော့တယ်။ဘုရားရှင် က သူ့သားရဟန်းကို ဒီ "အဘိဏှရာဟုလောဝါဒသုတ်" ကို နေ့စဉ်ဟောတယ်။ဒါကို ဆရာတော်ကြီးက ဒီလိုလင်္ကာစီပေးတယ်။သြော်...ငါ့နှယ် ဆရာတော်နဲ့ အဆက်အစပ် မိလေးခြင်း လို့ အဖန်ဖန်ဝမ်းသာမိပါတယ်။
"မိတ်ကောင်းမီစေ တောရပ်နေ
သုံးလေ မတ္တညု။
ပစ္စည်းလေးဖြာ မတွယ်တာ
တဏှာ ငြိမ်းအောင်ပြု။
ပါတိမောက္ခ သံဝရ
သီလ လုံစေမှု။
တံခါးခြောက်ထွေ ဣနြေ္ဒ
ငြိမ်စေ ပိတ်ဆို့မှု။
သတိမြဲရာ ကိုယ်၌သာ
ခန္ဓာ ငြီးငွေ့မှု။
သုဘနိမိတ် ခွာရှောင် ဆိတ်
ဈာန်စိတ် ပိုင်အောင် ရှု။
အနိမိတ္တ ထင်စေမှ
မာန ကွာအောင်ပြု။
ဤနည်းကျင့်ပေ ဝဋ်သုံးထွေ
ငြိမ်းလေ မှန်သည်ဟု။
ရာဟုလာအား တို့ဘုရား
ဟောကြား နေ့နေ့မှု။
"အဘိဏှရာဟုလောဝါဒသုတ်"

https://www.facebook.com/photo.php?fbid=239137132904361&set=a.105649239586485.15704.100004242281280&type=1 
 


"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး ဖြစ်တော်စဉ်ထေရုပ္ပတ္တိ"
01: : အဖွင့်ဗုံကြီးသံ / ရတနာဦး
https://db.tt/BQK5loYj
02: : မွေးဖွားသန့်စင် / ရတနာဦး
https://db.tt/LHLycHqv
03: : ဘုန်းရှင် ကံရှင် / မာမာအေး
https://db.tt/g3ISZNZl
04: : သာ မ ဏေ ဘဝ / ထား
https://db.tt/Lmy6tpAJ
05: : ဝဋံသကာအရှင် / သန်းမြတ်စိုး
https://db.tt/HlNrFBwP
06: : တိပိဋကဇာနည် / ရတနာဦး
https://db.tt/AgKtkZDr
07: : သံဂါယနာသူရဲကောင်း / မေဆွိ
https://db.tt/wqSTPgXY
08: : စေတနာရှင် / နီနီဝင်းရွှေ
https://db.tt/aOKlHMM5
09: : မေတ္တာရှင် / ရီရီသန့်
https://db.tt/jLJyERCd
10: : ဆုတောင်း နှင့် စည်တော်သံ / ဂီတလုလင် မောင် ကိုကို & ရီရီသန့် & နှင်းရည်သန့်
https://db.tt/gyT1lGlI
 
မီဒီယာဖိုင်းယား နှင့်ကူးလိုသူများအတွက်.....

http://www.mediafire.com/folder/9ku6ndl9ma66a/%E1%80%86%E1%80%8C%E1%80%9E%E1%80%82%E1%81%A4%E1%80%AB%E1%80%9A%E1%80%94%E1%80%AC 
  

Tuesday, August 20, 2013

ဆရာကြီးဒဂုံတာရာ....

 
  ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း
-------------------
ရေးသားသူ- ဥက္ကာကိုကို

ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂
၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။

ဆရာကြီးဒဂုန်တာရာသည် ခေတ်သစ်စာပေကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ခဲ့သူ စာပေသူရဲကောင်းတစ်ဦးဖြစ်သည်။


“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ်”ဟု ကာရန်မပါသည့်ကဗျာကို ဆရာဒဂုန်တာရာက ရေးခဲ့သည်။ ထိုစဉ်က ဝေဖန်သံတို့သည် ခေတ်သစ်စာပေလောကအတွက် ဆည်းလည်းသံများ ဖြစ်ခဲ့သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် မွေ့လျော်သော ကဗျာဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။

ထိုငြိမ်းချမ်းရေးကဗျာဆရာကြီးက “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးတည်ဆောက်ရန်လိုသည်”ဟု ပြောခဲ့သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် နိုးနိုးကြားကြားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း သူက ပန်ကြားခဲ့သည်။

“ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်”ဟု ၂၀၁၁ခုနှစ် သြဂုတ် ၈ရက်နေ့က အောင်ပန်းမြို့မှတစ်ဆင့် ငြိမ်းချမ်းရေးပန်ကြားချက်ထုတ်ပြန်ခဲ့သည့် ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ်၊ သြဂုတ်လ ၁၉ရက်၊ နေ့ လယ် ၁နာရီ ၁၅မိနစ်တွင် အောင်ပန်းမြို့မှာပင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။

မိုးကုပ်ကုပ်ဝယ်
အို ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ ..ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊
ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊
မနီးမဝေးချောင်းရိုးဘေးမှ
ဖြေးဖြေးညင်းညင်း
လှေတစ်စင်းထက်
တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊
ခြောက်သွေ့ မြက်ထုံးကောက်ရိုးဖုံးလျက်၊
ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျား မှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
(ဒဂုန်တာရာ/မတ်လတော်လှန်ရေးကဗျာမှ)


ဒဂုန်တာရာဟုဖြစ်လာမည့် ဦးဌေးမြိုင်ကို ၁၉၁၉ခုနှစ်၊ မေ ၁၀ ရက်တွင် ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့မှ ထိုခေတ်က ဒေးဒရဲမြို့နယ်အပိုင်၊ ကျိုက်လတ်မြို့နယ်အနီးရှိ ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ၇ လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်းတို့တွင် ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့၍ ၁၉၃၇ မှ ၁၉၄၀ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခဲ့သည်။

ထိုစဉ်က နိုင်ငံအရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒဂုန်တာရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပံ္ပမဂ္ဂဇင်းတွင် “မှုံပြာရီ” ၀တ္တုကို စတင်ရေးသားပြီး စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သူ၏ကလောင်နာမည်မှာ မြိုင်သဇင်ဖြစ်ပြီး နောက်ပိုင်းမှ ဒဂုန်တာရာကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ သူ၏ ကလောင်အမည်များမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်းလင်ထက်၊ ဗညားသီဟ၊ ဦး ဒဂုန်တို့ဖြစ်ကြသည်။

တာရာမဂ္ဂဇင်းကို ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး စာပေသစ်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ဂန္တ၀င်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်ခဲ့သည်။
ဆရာကြီးဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များအနက် “မေ” ၀တ္တုမှာ နာမည်အကျော်ကြားဆုံး ဖြစ်သည်။ အဆိုပါ မေ ၀တ္တုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ဒဂုန်တာရာ ၀တ္တုတိုပေါင်းချုပ်၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများ၊ ကြာပန်းရေစင် ၊ သဇင်သင်းပြန်တော့၊ မေ၊ ဂန္ဓာလရာဇ်ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ (မိုးဝေစာပေမဂ္ဂဇင်း)၊ ဗညားသီဟစာပေ စစ်တမ်း(သံလွင်စာပေ)၊ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ (မြေလတ်သားစာပေ) စသည့် စာအုပ်များသည် နာမည်ကျော်ကြားခဲ့သည်။
သူသည် စပယ်ဦးဟူသည့် ၀တ္တုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန် ၀တ္တုတိုပေါင်းချုပ်ဆုကိုရရှိခဲ့ ပြီး ၂၀၀၁ ခုနှစ်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုပိုင်ရှင်လည်းဖြစ်သည်။


ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ)၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာ)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
၁၉၅၃ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးနှင့် စာပေအရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဟူသည့်မူကို အသက်ထက်ဆုံး လက်ကိုင်ထားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြဲတစ်စေ ဆုမွန်တောင်းပေးနေခဲ့သည်။

ကွယ်လွန်သူစာရေးဆရာကြီး ဗန်းမော်တင်အောင်နှင့် အရင်းနှီးဆုံး ဆရာကြီးဒဂုန်တာရာသည် သေသည်အထိ လူပျိုကြီးအဖြစ် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ စာပေလောက၏ အသက်အကြီးဆုံး စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် လူသူကင်းဝေး၊ ရှုပ်ရှုပ်ထွေးထွေး၊ နိုင်ငံအရေးတို့မှ မျက်ကွယ်ရာတွင် တိတ်ဆိတ်စွာနေလိုသည့်ဆန္ဒ ရှိဟန်တူသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး တစ်ထောင့်တစ်နေရာမှ ပါဝင်လာခဲ့ပြီး ယခုလက်ရှိ နိုင်ငံ့အရေးကိစ္စများ ရှုပ်ထွေးပွေလီနေချိန်တွင် ကျန်းမာရေးမကောင်းမွန်တော့သည့် ဆရာကြီးသည် ရှမ်းပြည်နယ် အောင်ပန်းမြို့ကလေး၌ အေးချမ်းစွာ နားနေခဲ့သည်။
ငါတစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည်
(ဒဂုန်တာရာ/မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကဗျာမှ)

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ထင်ရှားကျော်ကြားသူများအကြောင်းကို သူထိတွေ့မိသမျှ ရေးသားခြယ်မှုန်းခဲ့သည့် ရုပ်ပုံလွှာဆောင်းပါးများသည် စာဖတ်သူတို့ နှလုံးသားတွင် စွဲလမ်းစေခဲ့သည်။ ယနေ့ လူလတ်ပိုင်း စာဖတ်ပရိသတ်အထိ ဒဂုန်တာရာ၏ မေ၀တ္ထုကို စွဲလမ်းနှစ်သက်ကြဆဲဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ချစ်ခင်သူတို့ကို နှုတ်ဆက်ခဲ့ပါပြီ။
“အောင်ပန်းမှာ ဆေးရုံတင်ထားပြီး ဒီနေ့မနက်က သက်သာလာလို့ ပြန်ဆင်းလာတယ်။ ပြီးမှ နေ့လယ်မှာ ဆုံးသွားပါတယ်။ အုတ်ဂူသေးသေးလေးတစ်လုံးဆောက်မယ်။ သုသာန်မှာ မဟုတ်ပါဘူး။ မျက်စိဆေးရုံဆောက်ဖို့ ၀ယ်ထားတဲ့မြေနေရာမှာ လုပ်မှာပါ”ဟု ဆရာကြီး၏ အိမ်သားတစ်ဦးက သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြောပြသည်။


သြဂုတ်လသည် အနုပညာငွေကြယ်ပွင့်ကြီးများကို တစ်ပွင့်ချင်းဆွဲဖြုတ်သွားခဲ့သည်။ ပန်းချီ မြိတ်ဝင်းထိန်၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး စသည့်ကြယ်ပွင့်တို့ ကြွေလွင့်ခြင်းအပေါ် ၀မ်းနည်းမကုန်သေးခင်မှာပင် နောက်ထပ် အစားထိုးမရနိုင်သည့် ငြိမ်းချမ်းရေးငွေကြယ်ပွင့်ကြီးကို ထပ်မံ ကြွေလွင့်စေခဲ့သည်။

“မြန်မာပြည်အတွက် နောက်ထပ်ကြယ်တစ်ပွင့် လွင့်သွားပြန်ပြီ။ ကြွေတယ်ဆိုတာ ပွင့်ခြင်းဆိုရင် နောက်ထပ် ထောင်စုနှစ်တွေအထိ ကောင်းကင်ယံမှာ ဒဂုန်တာရာနာမည်နဲ့ ကြယ်တစ်ပွင့် ထွန်းလင်းပွင့်သစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ကဗျာဆရာလူပအောင်က ၀မ်းနည်းစကားဆိုသည်။

လူငယ်ကဗျာဆရာတစ်ဦးဖြစ်သည့် ဘလော့ဂ်ဂါကဗျာဆရာမိုးလှိုင်ညကလည်း “တစ်သက်တာပတ်လုံး ငြိမ်းချမ်းရေးနဲ့ ကဗျာအတွက် တစ်စိုက်မတ်မတ် ရပ်တည်သွားတဲ့ဆရာကြီးကို လေးစားအားကျပြီး အမြဲအမှတ်ရနေမှာပါ။ ဆရာက သမိုင်းခေတ်တွေကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သလို မြန်မာစာပေနဲ့ လူ့ဘောင်သမိုင်းမှာလည်း နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့ပါပြီ”ဟု ဆိုသည်။

စာရေးဆရာမင်းဒင်ကတော့ ဆရာကြီးကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပါသည်။

“ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြေကွဲတဲ့သူတွေ အတော်များပါတယ်။ ကျွန်တော်ကတော့ တန်ဖိုးကြီးမားလှတဲ့ သူ့ဘ၀သူ့သမိုင်းကို သူမသေခင်မှာ ဘယ်နှယောက်ကများ တိကျခိုင်မာစွာ မှတ်တမ်းပြုထားနိုင်ခဲ့ပါလိမ့်ဆိုတာကို နှမြောစိတ်နဲ့ တွေးမိတယ်”

စာပေပညာရှင်ကြီး၊ ကဗျာဆရာကြီးသည် မငြိမ်းချမ်းသေးသော ကမ္ဘာကြီးကို စွန့်ခွာလျက် ပင်လယ်ဝဆီသို့ လှေကလေးနှင့်ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် အကောင်းမျှော်ပြောခဲ့သည့်ဆရာ့စကားက “ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရင် ငြိမ်းချမ်းရေး ရကိုရမယ်”

အေးချမ်းမွန် Credit To > 7Day News Journal < Thanks
Re-posted By ACM 20-8-2013 
https://www.facebook.com/photo.php?fbid=501112676646937&set=a.329330483825158.78075.322396224518584&type=1 
"မေ"
ဝတ္ထုဖန်ဆင်းရှင် = ဒဂုန်တာရာ
သီချင်းဖန်ဆင်းရှင် = အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော
တီး = စန္ဒရား တင် ဝင်း လှိုင်
ဆို = ခင် ညွန့် ရည်
http://db.tt/8xTXPwVd
note = မ ကြွေလုသေးသမျှ ပန်းလေးဘဝမှာတော့
လေနုအေးက တနွဲ့နွဲ့ နော့နေဆဲကို...မေ.....

"မတ်လ တော်လှန်ရေး(or)နှင်းယွန်းဂိမှာန်"
ရေး = ဒဂုန်တာရာ
တီး = စန္ဒရားတင် ဝင်း လှိုင်
ဆို = ခင် ညွန့် ရည်
http://db.tt/AdL81tbY
နှင်းယွန်းတော့မည်
ဖျော့ဖျော့က လေး မြူဝတ်မှေးလည်း
နှင်းနှင့်သက်ဆင်း နှင်းအကြွင်းတို့
ဖြည်းညင်း သာသာ ကျလေပြီ.....
မြိုင်ကျေးငှက်တို့ ရွတက်ခုန်ပျံ
သိုက်မြုံယံမှ တေးသံကျူးရင့်
ဂါထာဆင့်၍ ဖွင့်ဟသီချင်း
ညင်းလေပြီ
တသွင် သွင် လျင် ရေယဉ်စမ်းချောင်း
မြစ် ရိုးချောင်းလည်း ပျံ့လှောင်းစိမ်းဖန့်
ရော်ရွက်နံ့လည်း
နံ့နံ့လေး နှောလေပြီ.....
နီရဲရဲလျင် ပေါက်လဲပွင့်ငုံ
သရက်ထုံ၍ အစုံရောဖက်
နီသစ် ရွက်တို့ နီလျက်နီကာ
မြန်းလေပြီ
ဒီချိန်ရောက်တိုင်း မြေ အောက်စမ်းဝှက်
သိုလက်နက်ဖြင့် ချိန်းချက်ထကြွ
ခုခံကြသည့် ဖော်ပြသဏ္ဍန်
ကြေးမုံမှန်လျင်
တော် လှန် ရေး ၏ နိ မိတ် တည်း........
(ဒဂုန်တာရာ သို့ အ မှတ် တ ရ အ လွမ်း.....)
 




ဒဂုန်တာရာ ရဲ့ အသုဘ မီးသင်္ဂြိုလ် တဲ့အခမ်းအနားကို ကျုပ်ရောက်အောင်သွားခဲ့တယ် ကျုပ်အတွက်တော့ ဒီခရီးဟာ အောင်ပန်းမြို့ကို နောက်ဆုံးသွားတဲ့ခရီးများဖြစ်နေမလားဆိုပြီး ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကိုပါ တမေ့တမော ခံစားရင်း သွားဖြစ်တယ်ဆိုပါတော့ ...။

သေတာတောင် မျက်မှန်ကြီးတပ်ထားတဲ့ ဒဂုန်တာရာ ကို ပါးစပ်ပေါက်ကြီး ဟ လျက် တန်းလန်းနဲ့ တွေ့ရတယ်။ ကျုပ်အကြာကြီး စိုက်ကြည့်မိတယ်။ သူတစ်ခုခုများ ပြောချင်နေသေးတာလား ဆိုတဲ့စိတ်နဲ့ စူးစမ်းပေမယ့် ဘာမှလည်း မပြောနိုင်တော့တဲ့ သူ့ ရုပ်အလောင်းကို ကြည့်ရင်း စိတ်မကောင်းရုံကလွဲလို့ ဘာမှလည်း မတတ်နိုင်ခဲ့ဘူး။

ငြိမ်းချမ်းရေး ကွန်ယက်တွေကလည်း ပန်းခြင်းတွေပို့ပြီး ဂါရ၀ ပြုကြတယ်။ ဂျာနယ် လို မီဒီယာအချို့ကလည်း ပန်းခြင်းတွေနဲ့ ဂါရ၀ ပြုကြတာတွေ့တယ်။ ဂျင်မီ တို့ နီလာသိန်းတို့ လည်း တွေ့တယ် .. သူတို့လည်း ပန်းခြင်းယူလာတယ်။

ကျုပ်အနေနဲ့ သောက်ရူးလို့သတ်မှတ်ထားတဲ့ နှစ်ကောင်လည်းလာတယ်။ တစ်ကောင်က ရာဇာနေ၀င်း ... အသုဘ ပို့မလို့လာတာတောင်မှ သူ့ပုဆိုးကို တံဆိပ်မခွာ နိုင်ရှာဘူး ... ရုပ်ရှင်ရိုက်နေတယ်များ မှတ်နေသလားမသိ။

နောက်တစ်ကောင်က မိုးသီးဇွန် ... ဘယ်နေရာမှာ လူစုံမလဲ အမြဲချောင်းနေပြီး သောက်ကျင့်ကဘယ်တော့မှပျောက်မှာမဟုတ်တဲ့ ပေါ်ပြူလာ ဖြစ်ချင်စိတ်ကိုရင်ထဲအပြည့်ထည့်ပြီး ဒဂုန်တာရာရဲ့ အလောင်းကို ရန်ကုန်ကိုသယ်မလို့တဲ့။ တော်သေးရဲ့ သက်ကြီး နိုင်ငံကျော်ကဗျာဆရာကြီးတွေ အနီးအနားရှိနေလို့သာပဲ။ မိုးသီးက ရုပ်တင် မူမမှန်တာမဟုတ်ဘူး အသံကလည်း နွဲ့ချင်တယ်။ စိတ်ဓါတ်ကတော့ လူတိုင်းသိပြီးသားမို့ မပြောတော့ဘူး။

အင်း .... သေတဲ့သူလည်း သေပြီပဲ ကျုပ်လည်း သိပ်အကုသိုလ်မပွားချင်တာနဲ့ စိတ်ထဲကပေါ်လာသမျှ သတိလေးထားပြီး အကုသိုလ်ကို ထိန်းချုပ်ရင်း ကျန်တာအားလုံး မမြင်ချင်ယောင်ပဲ ဆောင်လိုက်ပါတော့တယ်။ ဒဂုန်တာရာရဲ့ အရိုးပြာကို ဗိမ္မာန် ဆောက်ပြီး အမှတ်တရ လုပ်ဖို့ စီစဉ်နေကြတယ်။

ငြိမ်းချမ်းရေးပဲ ပြောလေ့ရှိတဲ့ ဒဂုန်တာရာကို ငြိမ်းချမ်းရေးပဲ ရချင်နေတဲ့ ကျုပ် နောက်ဆုံးသွားနှုတ်ဆက်တဲ့သဘောပါ။ သူက သိပ်ချမ်းသာခဲ့တယ် ကျောင်းတက်ရင်း အဆောင်နေတာတောင်မှ သူများတွေ မယ်ဒလင် တို့ ဘင်ဂျိုတို့လောက်တီးတဲ့အချိန် သူ့အိမ်က စန္ဒယားကြီးကို အဆောင်အထိသယ်လာပြီး တီးတဲ့သူ ... ဖျင်ပင်နီ တိုက်ပုံကိုတောင်မှ သမဂ္ဂလှုပ်ရှားမှု မှာ မှတ်မှတ်ရရ ၀တ်ဖူးတဲ့သူ .... ပန်းနုရောင်တွေ သိပ်ကြိုက်တဲ့သူ .. အမြင်အာရုံ အတော်အားနည်းရှာသူ ... လုပ်နိုင်တာ နည်းလို့ ငြိမ်းချမ်းရေးဆိုတဲ့ သူလုပ်နိုင်မယ် ထင်တဲ့အပိုင်းကို ရွေးချယ်ခဲ့သူ ... ဘာပဲဖြစ်ဖြစ် သူ့ဘ၀ကို ခြံနဲ့ဝန်းနဲ့ အပင်တွေ နှင်းဆီခင်းတွေကြားထဲက အိမ်တစ်လုံးမှာ ကဗျာဆန်ဆန် နိဂုံးချုပ်လိမ့်မယ်လို့တွေးထင်မိတဲ့ ကျုပ်လည်း အတော်မှားခဲ့တယ် .... ။


အိမ်ရှေ့ က တိုင်လေးတိုင် တာလပတ်မိုးအောက်က မှန်ခေါင်းထဲမှာတော့ ပျိုလွင်တဲ့ နှင်းဆီ တစ်ပွင့်က လှဲလျောင်းလို့ပေါ့ ... ။ အိမ်ပေါ်ထပ် လှေကားတက်တက်ချင်းတွေ့ရမှာကတော့ နှင်းဆီ ၀ိဥာဉ် ထွက်ခွာသွားပြီဖြစ်တဲ့ ပန်းရောင်နှင်းဆီပျိုလေး ကိန်းဝတ်ခဲ့ရာ ခန္ဓာဟောင်းကြီးပေါ့ ... အဲဒီခန္ဓာဟောင်းကြီးကို မျက်မှန်တပ်ရက် တန်းလန်းနဲ့ ဇာဖြူဖြူအောက်မှာ တွေ့နိုင်ပါတယ်။ ဆုံးပြီလို့ ကြားကြားချင်းက လိုပဲ တစ်ချက်လောက် လှိုက်ကနဲ ဖြစ်မိပါသေးတယ်။

သူ့အသုဘ အခမ်းအနားကတော့ လူစည်ပါတယ် ... အောင်ပန်းမြို့ခံတွေလည်း လှိုက်လှိုက်လှဲလှဲရှိကြပါတယ်။ ဒဂုန်တာရာကို သိပ်မသိတဲ့ (ကျုပ်အထင်) ဆယ်ကျော်သက်လူငယ်တွေလည်း ဟေမာနေ၀င်းတို့ မောင်နှမတွေ လာလို့လားတော့မသိဘူး အသုဘ မချခင်တစ်ရက်အလိုမှာတင်ကတည်းက လမ်းပိတ်လုနီး စည်ကားအောင် လာခဲ့ကြတယ်။ ယဉ်ထိန်းရဲ ၊ ပြည်သူ့ရဲ စသည်ဖြင့် တာဝန်ရှိသူတွေကလည်း စီစဉ်ပေးကြတာတွေ့တယ်။

ကျန်တာတွေ မျက်ကွယ်ပြုတော့မယ်ကွယ် ... သူက နူးညံ့တဲ့ ပန်းရောင် ကမ္ဘာသစ်ကို ထွက်ခွာသွားခဲ့ပါပြီ .... ကျုပ်တို့လည်း ကမ္ဘာသစ်ကို စိတ်ကူးယဉ်ရင်း လက်ရှိကမ္ဘာကို ပိုငြိမ်းချမ်းအောင်လုပ်ကြရဦးမယ် ... ကိုယ့်တာဝန်ကိုယ်ယူရင်း ဖဘ မှာတွင် အဆုံးမသတ်ဘဲ ပြင်ပကမ္ဘာမှာလည်း အကျိုးပြုနိုင်ကြပါစေ ....။

အောင်ကြီး